၀ုလ်ဗ်စ်ကို အနိုင်ရပြီး အဆင့်(၃)နေရာကို ပြန်တက်လာတဲ့ မန်စီးတီး

၀ုလ်ဗ်စ်ကို အနိုင်ရပြီး အဆင့်(၃)နေရာကို ပြန်တက်လာတဲ့ မန်စီးတီး

ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)

မန်စီးတီး(၁-၀)၀ုလ်ဗ်စ်

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက ရာသီမပြီးဆုံးမီမှာပဲ ချန်ပီယံအသင်းအဖြေထွက်ပေါ်ခဲ့သလို တန်းဆင်း(၃)သင်းစလုံးလည်း အဖြေထွက်ပေါ်ပြီးဖြစ်တာကြောင့် ချန်ပီယံတိုက်ပွဲ၊ တန်းဆင်းဇုန်တိုက်ပွဲတွေအတွက် ရင်ခုန်စရာမရှိတော့ဘဲ ဥရောပဝင်ခွင့်တိုက်ပွဲတွေကိုသာ ပရိသတ်တွေ ရင်ခုန်ရတော့မှာဖြစ်ပါတယ်။

ဥရောပဝင်ခွင့်တိုက်ပွဲက (၂)ပိုင်းခွဲခြားနိုင်ပြီး ထိပ်ဆုံး(၅)သင်းစာရင်းဝင်ရေးအတွက် ကြိုးစားရမယ့် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ၊ အဆင့်(၆)၊(၇)နေရာတွေ ရယူနိုင်ဖို့အတွက် ကြိုးစားရမယ့် ယူရိုပါလိဂ်၊ ကွန်းဖရန့်လိဂ်ပြိုင်ပွဲဝင်ခွင့်တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ထိပ်ဆုံး(၅)နေရာဝင်ရောက်ရေးအတွက် အဆင့်(၇)က ဗီလာအထိ အခွင့်အရေးရှိနေပြီး ထိပ်ဆုံး(၂)သင်းကလွဲလို့ ကျန်အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ နယူးကာဆယ်၊ ချယ်လ်ဆီး၊ နော်တင်ဂမ်ဖောရက်စ်၊ ဗီလာအစရှိတဲ့အသင်းတွေရဲ့ ဇယားရပ်တည်မှုအပြောင်းအလဲတွေကို ရက်သတ္တပတ်တိုင်းလိုလိုတွေ့နေရပါတယ်။

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး(၁-၀)၀ုလ်ဗ်စ်ပွဲအပြီးမှာတော့ မန်စီးတီးအသင်းက အဆင့်(၄)နေရာကနေ အဆင့်(၃)ကို ပြန်တက်လာပြီး နယူးကာဆယ်က အဆင့်(၃)ကနေ အဆင့်(၄)ကို ပြန်ဆင်းပေးလိုက်ရပါတယ်။

မန်စီးတီး(၁-၀)၀ုလ်ဗ်စ်ပွဲမှာ မန်စီးတီးအသင်းက အိမ်ရှင်ပီပီ အသာစီးက ကစားနိုင်ခဲ့တယ်ဆိုပေမယ့် နှစ်သင်းစလုံး ခံစစ်ကိုပိတ်ကစားခဲ့ကြတာကြောင့် ဂိုးအခွင့်အရေးသိပ်မရခဲ့ကြဘဲ ဂိုးပေါက်ကို ထိထိရောက်ရောက်ခြိမ်းခြောက်နိုင်တဲ့အကြိမ်အရေအတွက်လည်း အတော်နည်းခဲ့ပါတယ်။

၀ုလ်ဗ်စ်အတွက် ကံဆိုးခဲ့တာက နောက်ခံလူနော်ရီ၊ တိုက်စစ်မှူးကွန်ညာတို့ ကန်သွင်းခဲ့တဲ့ဘောလုံးတွေ ဂိုးတိုင်ထိထွက်ခဲ့တာဖြစ်ပြီး ဒီအလုံးတွေသာ ဂိုးဖြစ်ခဲ့ရင် တမျိုးတဖုံအပြောင်းအလဲဖြစ်မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ တောင်ပံကစားသမားဒိုကူပေးခဲ့တဲ့ဘောလုံးကနေ တိုက်စစ်မှူးနေရာမှာ ကစားခဲ့တဲ့ ဒီဘရိုင်းနားက ပွဲချိန်(၃၅)မိနစ်မှာ သွင်းယူခဲ့တာပါ။

မန်စီးတီးအသင်းအနေနဲ့ ပွဲစဉ်(၃၅)ကို အစောဆုံးပွဲအဖြစ်ကစားရတာဖြစ်လို့ ဒီတစ်ပတ်ပွဲစဉ်မှာ နယူးကာဆယ်အသင်း ပြန်အနိုင်ရရင် မန်စီးတီးက အဆင့်(၄)နေရာပြန်ဆင်းပေးရမှာဖြစ်ပါတယ်။

Read more

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)နဲ့အထက်ရတဲ့အသင်းတွေအရင်က ရှိခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းက (၁၀၅)မှတ်အထိရယူကာစံချိန်တင်ခဲ့ပြီး ဒီစံချိန်ကို ၂၀၀၆ ခု

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့ကို ကိုယ်စားပြုတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ပြင်သစ်လိဂ်မှာ ယှဉ်ပြိုင်နေတာအတော်ကြာခဲ့ပါပြီ။ လာမယ့

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ ဂျော့ခ်ျဂျီးဆပ်စ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အယ်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ် (ဘွန်ဒစ်လီဂါ) (3 May 2025/ 8:00 pm) ဒီပွဲက ဘိုင်ယန်မြူးနစ်အတွက် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွ