15x Scope ကို PUBG Mobile မှာ တွေ့မြင်ရတော့မှာလား

15x Scope ကို PUBG Mobile မှာ တွေ့မြင်ရတော့မှာလား

PUBG Mobile ကတော့ သူတို့ရဲ့ အကြီးမားဆုံး Update ဖြစ်တဲ့ Update 1.0 ကို ထုတ်လုပ်ပေးဖို့အတွက် တာဆူနေပါပြီ။ ဒီ Update မှာ Erangel 2.0 Map အပြင်၊ UI နဲ့ UX တွေအားလုံးပါပြောင်းလဲပေးသွားမှာလည်းဖြစ်တယ်လို့ သိရှိထားရပါတယ်။ ဒါတင်ပဲလားဆိုတော့ 15x Scope လို့ယူဆရတဲ့ Graphics အသစ်တစ်ခုလည်း ထွက်ရှိလို့လာပြန်ပါပြီ။

15x Scope လို့ယူဆရတဲ့ Graphics

PUBG အတွက် Update အသစ်ကို Teaser အနေနဲ့ပြသထားတဲ့ Video တစ်ခုမှာ 15x Scope ပုံစံကို စတင်တွေ့မြင်ခဲ့ရတာဖြစ်ပြီး၊ ဒီ Scope ပုံစံက 8x Scope လုံးဝမဖြစ်နိုင်တာကို အောက်က ပုံမှာယှဥ်ပြထားပါတယ်။

8x Scope နဲ့ 15x Scope ကိုနှိုင်းယှဥ်ပြထားပုံ

15x Scope ကို PUBG PC Version မှာ စ တင်တွေ့မြင်ခဲ့ရပြီးတော့ Snipers တွေမှာ တပ်ဆင်အသုံးပြုနိုင်တဲ့ Scope အမျိုးအစားလည်းဖြစ်ပါတယ်။ တပ်ဆင်နိုင်တဲ့သေနတ်တွေကတော့ SKS, Kar98k, M24, AWM, Mk14, EBR, Mini 14, SLR နဲ့ QBU တို့ပဲဖြစ်ပါတယ်။

15x Scope သာ PUBG Mobile ကိုရောက်လာခဲ့မယ်ဆိုရင်တော့ Sniper ကြိုက်နှစ်သက်တဲ့သူတွေကတော့ အကြိုက်တွေ့မှာ အသေအချာပါပဲ။ အခုတစ်ခေါက်မှာလည်း Update အတွက် Graphics နဲ့တမင် သတင်းပေါက်ကြားထားတဲ့ပုံစံမျိုးဖြစ်တာကြောင့် သိပ်မကြာခင်မှာ တွေ့မြင်နိုင်ရတော့မယ်လို့လည်း ယူဆရပါတယ်။

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ