၂ အိုးထဲနဲ့ လူ ၁၅ယောက်လောက် ဗိုက်ကားအောင် စားလို့ရတဲ့ ယူနန်ဟော့ပေါ့ကောင်းကောင်းလေး

၂ အိုးထဲနဲ့ လူ ၁၅ယောက်လောက် ဗိုက်ကားအောင် စားလို့ရတဲ့ ယူနန်ဟော့ပေါ့ကောင်းကောင်းလေး

ဒီနေ့မှာတော့ ထူးထူးခြားခြားအနေနဲ့ admin တို့က ရုံးမှာပဲ Old Town ယူနန် ဟော့ပေါ့ဆိုတဲ့ ဆိုင်လေးကနေ ယူနန်ဟော့ပေါ့လေး မှာစားဖြစ်ခဲ့ကြပါတယ်။ဟော့ပေါ့လည်း စားချင် အလုပ်လည်းအရမ်း မရှုပ်ချင်တဲ့ သူတွေအတွက်ကတော့ တကယ်အဆင်ပြေပါပဲ။သူက အိုးလေးပါ တစ်ခါတည်းထည့်ပေးလိုက်တော့ မီးမွှေးရတာလေးက လွဲရင် ကျန်တာ အဆင်သင့်ပဲစားလို့ ရပြီး မီးမွှေးဖို့ မီးသွေးတွေကိုလည်း အိတ်နဲ့ သေချာလေး ထည့်ပေးလိုက်ပါတယ်။

မီးမွှေးတာ ပြီးရင်တော့သူ့မှာ ပါလာတဲ့ အရည်လေးကို လောင်းထည့်ပြီး ပွက်ပြီ ဆိုတာနဲ့ မုန်ညင်းရွက်၊အပ်မှို စတာတွေကို ပေါင်းထည့်ပြီး စားလို့ ရပါပြီ။ ယူနန်ဟော့ပေါဆို ကြက်ဉလိပ်က အသက်ဆိုတဲ့အတိုင်း သူ့မှာ ပါတဲ့ ကြက်ဉလိပ်လေးတွေက အရမ်း အရသာ ရှိတဲ့ အပြင် အများကြီးလည်း ပါတယ်နော်။ နောက်တစ်ခု အကြိုက်ဆုံးကတော့ ဟင်းရည်နဲ့ အချဉ်ပဲ။ သူ့အရည်ကလေ ချိုပြီး အရိုးပြုတ်ရည်နဲ့ သေချာ ပြုတ်ထားတဲ့ အရသာကို တကယ် ရတယ်။အချဉ်ဆိုလည်း စပ်စပ်လေးနဲ့ ထိမိနေရောပဲ လုံးဝ။ အိုးထဲမှာဆို ကြက်ဉလိပ်အပြင် ဝက်နံရိုး၊ဝက်စဉ၊ သုံးထပ်သား၊ ဝက်ခေါက်၊ မျှစ်ခြောက်၊ ပိန်းဉ၊ မုန်လာဉဖြူ၊ မုန်ညင်း၊ ငုံးဉ တွေဆိုတာလည်း တကယ်အများကြီးပါတယ် ။

အကုန်လုံးက အရသာတွေ သေချာဝင်ပြီး စားမကောင်းတာကို မရှိဘူး။ သူ့ဆီမှာက ယူနန်ဟော့ပေါ့ကိုမှ အိုးသေးက ၃/၄ ယောက် စာ၊ အလတ်က ၅/၆ ယောက်စာ ၊ အိုးကြီးက ၉/၁၀ ယောက်စာ ဆိုပြီး ရွေးချယ် လို့ ရတယ်။admin တို့ကတော့ လူများတော့ အိုးလတ်နဲ့ အိုးသေးကိုမှာ စားခဲ့ပါတယ်။ အိုးလတ်ဆို မိသားစုတစ်စုကတော့ တကယ် အေးဆေးစားလို့ရတယ်။ admin တို့ ၂အိုးမှာတာတောင် တစ်ရုံးလုံး ဗိုက်ကားအောင် စားလိုက်ရတယ်။

နောက်ပြီး Side dish တွေအနေနဲ့လည်း ဝက်စအုကြော်၊ နံရိုးကြော်၊ ဆေးဘဲဉသုပ်တွေလည်း အရမ်းစားလို့ကောင်းတယ်။ သူကတော့ တစ်ပွဲကို ၅၀၀၀ကျပ်ပဲဖြစ်ပါတယ်။ဈေးနှုန်းလေးတွေအနေနဲ့ အိုးသေး - ၃၅၀၀၀ကျပ်အိုးလက်- ၅၈၀၀၀ကျပ်အိုးကြီး - ၉၈၀၀၀ကျပ် ပဲဖြစ်ပါတယ်။ အိုးလတ်နဲ့ အိုးကြီးမှာဆိုရင်လည်း ဆေးဘဲဉသုပ်တစ်ပွဲဆီ လက်ဆောင်ပါပြီးသားနော်။

Admin အနေနဲ့ကတော့ အသားစစ်စစ်တွေကိုပဲ အသုံးပြုထားတဲ့ အပြင် အရသာကလည်း ရှယ်ဆိုတော့ ပေးရတဲ့ ဈေးနဲ့ တန်တယ်လို့ ပြောချင်ပါတယ်။ ယူနန်ဟော့ပေါ့ကိုမှ အသားစစ်စစ်နဲ့ အရသာကောင်းကောင်းကို စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကနေမှာစား ကြည့်ကြဖို့လည်း အကြံပေးချင်ပါတယ်။

သူက ဆိုင်လေးတော့ မရှိသေးတာမလို့ မှာယူချင်တယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ ဖုန်းနံပတ်လေးကနေ တစ်ဆင့် ဒါမှ မဟုတ်ရင် page messenger ကနေ မှာယူနိုင်ပါတယ်။ ၁/၂ ရက်တော့ ကြိုပြီး မှာပေးကြဖို့လည်း မမေ့နဲ့နော်။

https://www.facebook.com/profile.php?id=100064073921683&comment_id=Y29tbWVudDoyMzI2MjI4NjU0MjEyMDM3XzIzMzE2NzU4NjEwNTE5Nw%3D%3D&__cft__[0]=AZWWveqq-gwZoPP4Q0granymVn83hbjVh-ZmjnfQgBCGrpSKK0M5o2Ux4LlZrabzdTgJDTsxK1q3Zw5TJzFT1Urmk7HGBECR8z2RA8XeE5arvuD8dO-TTIc_wuGlDeaoUeOspmQDIboisYQSAzFvxqBNC9G1is6rvQUQni9CLtNxUA&__tn__=R]-R

ဆိုင်နာမည် - Old Town ယူနန်ဟော့ပေါ့
ဆက်သွယ်ရန် ဖုန်း- 09- 250794815 ၊ 09- 798484649

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ