၂၀၁၀ ဆီမီးဖိုင်နယ်လို ဘာစီလိုနာကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့တဲ့ အင်တာမီလန် ချန်ပီယံဆုတစ်ကျော့ပြန်ဆွတ်ခူးနိုင်မလား

၂၀၁၀ ဆီမီးဖိုင်နယ်လို ဘာစီလိုနာကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့တဲ့ အင်တာမီလန် ချန်ပီယံဆုတစ်ကျော့ပြန်ဆွတ်ခူးနိုင်မလား

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)

အင်တာမီလန်(၄-၃)ဘာစီလိုနာ AET

အင်တာမီလန်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့ဝေးကွာနေတာ (၁၅)နှစ်ရှိခဲ့ပါပြီ။ နည်းပြမော်ရင်ဟိုလက်ထက် ၂၀၁၀ ခုနှစ်မှာ ဗိုလ်စွဲပြီးနောက်ပိုင်း ချန်ပီယံလိဂ်ချန်ပီယံဆုကို ပြန်မကိုင်မြှောက်နိုင်တော့တဲ့ အင်တာမီလန်အသင်းဟာ ဒီနှစ်မှာတော့ ၂၀၁၀ ဆီမီးဖိုင်နယ်အတိုင်း ထပ်တူထပ်မျှပြုလုပ်နိုင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်တုန်းကလိုပဲ ဆီမီးဖိုင်နယ်အဆင့်မှာ စပိန်အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရခဲ့တာပါ။

ပထမအကျော့အဝေးကွင်းမှာ (၃-၃)ဂိုးနဲ့သရေကစားနိုင်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ အိမ်ကွင်းဆန်စီရိုမှာ ကြိုးစားအားထုတ်မှုနဲ့ ကံတရားပေါင်းစပ်ပြီး ဘာစီလိုနာကို (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒါကြောင့် နှစ်ကျော့ပေါင်း(၇-၆)ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲချိန်(၉၀+၂)မိနစ်မှာ အဆာဘီသွင်းယူခဲ့တဲ့ဂိုးသာမရခဲ့ရင် ဘာစီလိုနာက (၃-၂)ဂိုးရလဒ်နဲ့ ဗိုလ်လုပွဲကို တက်သွားနိုင်မှာဖြစ်ပေမယ့် ဒီဂိုးနဲ့ အချိန်ပို(၉၉)မိနစ်မှာ ဖရက်တီစီသွင်းယူခဲ့တဲ့ အနိုင်ဂိုးက အရာရာကို ပြောင်းလဲစေခဲ့ပြီး ဘာစီလိုနာအသင်းကိုလည်း ဖလား(၄)လုံးအိပ်မက်နဲ့ဝေးကွာသွားစေခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာက ဂိုးသွင်းခွင့်တွေပိုရခဲ့ပေမယ့် ပထမပိုင်းမှာ အင်တာမီလန်က လော်တာရိုမာတီနက်ဇ်(၂၁)မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ပွဲချိန်(၄၆)မိနစ်မှာ သူ့ကြောင့်ရတဲ့ပယ်နယ်တီကို ကွင်းလယ်လူချာဟာနိုဂလူးက သွင်းယူခဲ့လို့ အင်တာမီလန်က ပွဲချိန်မိနစ်(၅၀)ကျော်အထိ (၂-၀)ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။

(၅၄)မိနစ်မှာ ဘာစီလိုနာအတွက် အဲရစ်ဂါစီယာ၊ (၆၀)မိနစ်မှာ အော်လ်မိုက ခေါင်းတိုက်ဂိုးနဲ့ ချေပဂိုးတွေသွင်းခဲ့ကြပြီး ပွဲချိန်(၈၇)မိနစ်မှာ ရာဖင်ညာသွင်းတဲ့ဂိုးက ဒီပွဲရဲ့အဆုံးအဖြတ်လို့ ထင်စရာဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အထက်မှာဆိုခဲ့သလိုပဲ အဆာဘီရဲ့ ပွဲချိန်(၉၀+၂)မိနစ်ဂိုးက ဘာစီလိုနာရဲ့(၃-၂)အနိုင်အိပ်မက်ကို ဖျက်ဆီးခဲ့ပြီး ဖရက်တီစီရဲ့အချိန်ပိုအနိုင်ဂိုးက အင်တာမီလန်(၄-၃)ဘာစီလိုနာဆိုတဲ့ ရလဒ်ကို ထွက်ပေါ်စေကာ ၂၀၁၀ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သံသရာတစ်ပတ်လည်သလို ဖြစ်စေခဲ့ပါတယ်။

၂၀၁၀ ဆီမီးဖိုင်နယ်လို ဘာစီလိုနာကို ဒီရာသီဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့တဲ့ အင်တာမီလန်အသင်းအနေနဲ့ ၂၀၁၀ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သလို ဒီပြိုင်ပွဲမှာလည်း တစ်ကျော့ပြန်ချန်ပီယံဖြစ်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Read more

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအ‌ရွှေ့ကာလက မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီး ဘက်တစ်အသင်းထံ အငှားနဲ့ ပြောင်း‌ရွှေ့ခဲ့တာက သူလုပ်ခဲ

ဒီ​​နေ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီ​​နေ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုတိယ အကျော့) PSG - အာဆင်နယ် (7 May 2025/ 1:30 am) နှစ်သင်းစလုံးက ကိုယ်စီ ပြည်တွင်းလိဂ်တွေမှာ ရှုံးပွဲကြုံခဲ့ပြီး ရှုံးပွဲရလဒ်

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်ကို ငြင်းပြီး ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ဖလော်ရီယန်ဗစ်ဇ်ဆုံးဖြတ်

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်ကို ငြင်းပြီး ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ဖလော်ရီယန်ဗစ်ဇ်ဆုံးဖြတ်

ဥရောပထိပ်သီးကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီး မန်စီးတီးနဲ့ ရီ

iPhone 18 Series မှာ Under Display Face ID ထည့်ဖို့ စမ်းသပ်နေ

iPhone 18 Series မှာ Under Display Face ID ထည့်ဖို့ စမ်းသပ်နေ

ဒီသတင်းက မကြာသေးခင်တုန်းက Apple ခေါက်ဖုန်းမှာ စမ်းသပ်နေတယ်ဆိုပြီး အရင်ထွက်ထားဖူးတယ်။ အရမ်းတော့ မမျှော်လင့်လိုက်ပါနဲ့ဦး။ iPhone 17 Series နဲ့တောင် သူ့ဟာသူ အခုထိရှုပ်နေ