အမေရိကန်နိုင်ငံမှာ လာမယ့် ဇွန်လနဲ့ ဇူလိုင်လအတွင်း ကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့
မက္ကဆီကိုကလပ် ကလပ်လီယွန်အသင်းဟာ ပြိုင်ပွဲမစတင်မီ (၃)လခန့်အလိုမှာ ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ကလပ်လီယွန်အသင်းဟာ ၂၀၂၃ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ချန်ပီယံအသင်းအဖြစ် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရထားတဲ့အသင်းဖြစ်ပါတယ်။
ဒါပေမယ့် မက္ကဆီကိုအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ Liga MX မှာယှဉ်ပြိုင်နေတဲ့ ကလပ်လီယွန်အသင်းဟာ အခြားမက္ကဆီကိုကလပ်အသင်းဖြစ်တဲ့ ပါချူကာအသင်းနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ဆက်နွယ်မှုတွေရှိနေတာကို တွေ့ရှိရတာဖြစ်ပါတယ်။

ပါချူကာအသင်းကလည်း ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့အသင်းဖြစ်ပါတယ်။ ပါချူကာအသင်းက ၂၀၂၃ ကွန်ကာကပ်ဖ်ချန်ပီယံဖလားချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတာဖြစ်ပါတယ်။
ဒါကြောင့် ပြိုင်ပွဲတစ်ခုအတွင်း ပိုင်ရှင်ဆက်နွယ်မှုတွေရှိနေတာကြောင့် အကျိုးစီးပွားဆိုင်ရာငြိစွန်းမှုတွေဖြစ်ပေါ်မလာစေဖို့ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကလပ်လီယွန်အသင်းကို ပြိုင်ပွဲကထုတ်ပယ်ဖို့ ဖီဖာတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဖီဖာအနေနဲ့ ကလပ်လီယွန်အသင်းနေရာမှာ ကော်စတာရီကာကလပ်အသင်းဖြစ်တဲ့ အလာဂျူလန်ဆီအသင်းနဲ့ အစားထိုးခဲ့ကြောင်း သိရပါတယ်။ အလာဂျူလန်ဆီအသင်းဟာ ၂၀၂၀ ခုနှစ်က ကွန်ကာကပ်ဖ်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပါတယ်။ ဒီအသင်းကို ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ပြိုင်ပွဲအဆင့်သတ်မှတ်ချက်အရ ဝင်ခွင့်ပေးတာဖြစ်ကြောင်း သိရပါတယ်။

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကွန်ကာကက်ဖ်ဒေသက (၄)သင်းဝင်ခွင့်ရထားပြီး မူလက ၂၀၂၁ ကနေ ၂၀၂၄ အထိ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်ချန်ပီယံအသင်းတွေကို ဝင်ခွင့်ပေးထားတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ လာမယ့် ဇွန်လနဲ့ ဇူလိုင်လအတွင်း ကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့
မက္ကဆီကိုကလပ် ကလပ်လီယွန်အသင်းဟာ ပြိုင်ပွဲမစတင်မီ (၃)လခန့်အလိုမှာ ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ကလပ်လီယွန်အသင်းဟာ ၂၀၂၃ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ချန်ပီယံအသင်းအဖြစ် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရထားတဲ့အသင်းဖြစ်ပါတယ်။
ဒါပေမယ့် မက္ကဆီကိုအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ Liga MX မှာယှဉ်ပြိုင်နေတဲ့ ကလပ်လီယွန်အသင်းဟာ အခြားမက္ကဆီကိုကလပ်အသင်းဖြစ်တဲ့ ပါချူကာအသင်းနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ဆက်နွယ်မှုတွေရှိနေတာကို တွေ့ရှိရတာဖြစ်ပါတယ်။
ပါချူကာအသင်းကလည်း ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့အသင်းဖြစ်ပါတယ်။ ပါချူကာအသင်းက ၂၀၂၃ ကွန်ကာကပ်ဖ်ချန်ပီယံဖလားချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတာဖြစ်ပါတယ်။
ဒါကြောင့် ပြိုင်ပွဲတစ်ခုအတွင်း ပိုင်ရှင်ဆက်နွယ်မှုတွေရှိနေတာကြောင့် အကျိုးစီးပွားဆိုင်ရာငြိစွန်းမှုတွေဖြစ်ပေါ်မလာစေဖို့ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကလပ်လီယွန်အသင်းကို ပြိုင်ပွဲကထုတ်ပယ်ဖို့ ဖီဖာတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဖီဖာအနေနဲ့ ကလပ်လီယွန်အသင်းနေရာမှာ ကော်စတာရီကာကလပ်အသင်းဖြစ်တဲ့ အလာဂျူလန်ဆီအသင်းနဲ့ အစားထိုးခဲ့ကြောင်း သိရပါတယ်။ အလာဂျူလန်ဆီအသင်းဟာ ၂၀၂၀ ခုနှစ်က ကွန်ကာကပ်ဖ်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပါတယ်။
Discussion