0:00
/0:29

■ Video - ဒီမနက်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ဘရာဇီးလ်(၂-၁)ကိုလံဘီယာပွဲမှာ ဘရာဇီးလ်အသင်းအတွက် ရာဖင်ညာသွင်းယူခဲ့တဲ့ ပယ်နယ်တီ(၆ မိနစ်)၊ ကိုလံဘီယာအတွက် လူးဝစ်ဒီယက်ဇ်ရဲ့ချေပဂိုး(၄၁ မိနစ်)၊ ဘရာဇီးလ်အသင်းအတွက် ဗင်နီစီယပ်စ်ရဲ့ထပ်ဆောင်းအချိန်ပိုအနိုင်ဂိုး(၉၀+၉ မိနစ်)

■ တောင်အမေရိကဇုန်မှာ အာဂျင်တီးနားအသင်းက တစ်ပွဲလျော့(၂၅)မှတ်နဲ့ ဦးဆောင်နေပြီး ဘရာဇီးလ်အသင်းက ရမှတ်(၂၁)မှတ်နဲ့ ဒုတိယနေရာကို တက်လာပါတယ်။ တတိယနဲ့ အဆင့်(၄)နေရာမှာ ဥရုဂွေးနဲ့ ပါရာဂွေးအသင်းတို့က ရမှတ်(၂၀)မှတ်စီနဲ့ ရှိနေကြပါတယ်။

■ မနက်ဖြန်မနက်ကစားမယ့် ဥရုဂွေး-အာဂျင်တီးနားပွဲမှာ အာဂျင်တီးနားအသင်းအနိုင်မရခဲ့ရင် ဘရာဇီးလ်က တတိယနေရာကို ပြန်ဆင်းပေးရမှာဖြစ်ပါတယ်။