၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် မြင်တွေ့ရဖွယ်ရှိနေတဲ့ မော်ရင်ဟို

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် မြင်တွေ့ရဖွယ်ရှိနေတဲ့ မော်ရင်ဟို

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြအဖြစ် မော်ရင်ဟို ကိုမြင်တွေ့ရဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေက ထွက်ပေါ်နေတာ အတော်ကို ကြာခဲ့ပါပြီ။

ကာယကံရှင်ဖြစ်သူမော်ရင်ဟိုကိုယ်တိုင်က ဒီရာထူးကို စိတ်ဝင်စားပေမယ့် အခုအချိန်မှာ မဖြစ်နိုင်သေးဘဲ နောင်တစ်ချိန်မှသာ ဖြစ်လာဖွယ်ရှိတယ်လို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ဖူးတာတွေလည်း ရှိပါတယ်။

လက်ရှိအချိန်မှာတော့ ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြရာထူးကို မော်ရင်ဟို အမှန်တကယ်ရယူနိုင်ဖွယ်ရှိတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြဖြစ်သူ စပိန်လူမျိုးနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်နဲ့ လမ်းခွဲလိုနေပြီး သူ့နေရာမှာ မော်ရင်ဟိုနဲ့ အစားထိုးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ နည်းပြအဖြစ် မော်ရင်ဟိုကို ထားရှိလိုနေပြီး အခုအချိန်မှာကတည်းက ဒီရာထူးကိုခန့်အပ်ဖို့ မော်ရင်ဟိုဆီ ဆက်သွယ်နေကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မော်ရင်ဟိုဟာ လက်ရှိမှာ ပေါ်တူဂီကလပ် ဖီနာဘာချီအသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေပြီး ဒီရာသီအတွင်း ပြိုင်ဘက်ဂါလာတာစာရေးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ ပြောဆိုခဲ့တဲ့စကားတွေ၊ အပြုအမူတွေကြောင့် ပွဲပယ်ပြစ်ဒဏ်(၂)ကြိမ်တိုင် ကျခံခဲ့ရပါတယ်။

ဒီရာသီမှာ မော်ရင်ဟိုရဲ့ဖီနာဘာချီအသင်းဟာ ချန်ပီယံလိဂ်မှာ ခြေစစ်ပွဲအဆင့်ကထွက်ခဲ့ရသလို၊ ယူရိုပါလိဂ်မှာ Round of 16 အဆင့်မှာ ဆဲလ်တစ်အသင်းကို ပယ်နယ်တီနဲ့ရှုံးပြီး ထွက်ခဲ့ရပါတယ်။ ဒါ့အပြင် ပေါ်တူဂီဖလားကွာတားဖိုင်နယ်မှာလည်း ပြိုင်ဘက်ဂါလာတာစာရေးကို ရှုံးကာ ထွက်ခဲ့ရပြီး လက်ရှိတူရကီအမှတ်ပေးလိဂ်မှာလည်း ဂါလာတာစာရေးက လက်ကျန်ပွဲ(၈)ပွဲကစားဖို့အလိုမှာ ဒုတိယနေရာက ဖီနာဘာချီအသင်းကို (၅)မှတ်ဖြတ်ထားပါတယ်။

ဒါကြောင့် ဖီနာဘာချီအသင်းဟာ ဒီရာသီမှာ ဖလားလက်မဲ့ရာသီအဖြစ် အဆုံးသတ်ဖို့ ဖြစ်နိုင်ခြေများနေပြီး ဒီလိုဖိအားများနေတဲ့အချိန်မှာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က မော်ရင်ဟိုကို ဆက်သွယ်နေတာဖြစ်ပါတယ်။

တကယ်လို့ ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြဖြစ်လာခဲ့ရင် မော်ရင်ဟိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ သူနဲ့လက်တွဲခဲ့ဖူးတဲ့ နာမည်ကျော်တိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ ပြန်လက်တွဲရမှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရင်ဟိုနဲ့ စီရော်နယ်ဒိုတို့ အတူလက်တွဲပြီး ပေါ်တူဂီလက်ရွေးစင်အသင်း တစ်ကြိမ်တစ်ခါမှ မရဖူးသေးတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူပေးနိုင်မလားဆိုတာ ပေါ်တူဂီပရိသတ်တွေ ရင်ခုန်ရမှာပါပဲ။

Read more

ဝယ်ထားတာ ၁ ပတ်ပဲရှိသေးတဲ့ iPhone 13 ပေါက်ကွဲမှု

ဝယ်ထားတာ ၁ ပတ်ပဲရှိသေးတဲ့ iPhone 13 ပေါက်ကွဲမှု

ဒီသတင်းက Instagram မှာ ဓါတ်ပုံတွေတွေ့လာလို့ ဖော်ပြချင်လို့ပါ။ ဖြစ်တာက ပြီးခဲ့တဲ့ အပတ်လောက်ကပါ။  ဒီအဖြစ်အပျက်က ပြီးခဲ့တဲ့ ဧပြီ 26 တုန်းက အိန္ဒိယနိုင်ငံ UTTAR

EU တွင်ဒဏ်ငွေပေးဆောင်ရမည့် TikTok

EU တွင်ဒဏ်ငွေပေးဆောင်ရမည့် TikTok

TikTok သည်အသုံးပြုသူများ ၏ data များကို China သို့ လွှဲပြောင်းခြင်းအတွက် EU တွင်ဒဏ်ငွေများစွာ ချမှတ်ခံရပြီး အိုင်ယာလန်နိုင်ငံ၏ Data Protection Commission (DPC) သို့ဒဏ်ငွေ ယူရို ၅၃၀ သန်း (ဒေါ်လာ သန်

ဘာစီလိုနာယူ-၁၉ အသင်းလို တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ဘာစီလိုနာအမျိုးသား/အမျိုးသမီးအသင်းတွေရယူနိုင်မလား

ဘာစီလိုနာယူ-၁၉ အသင်းလို တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ဘာစီလိုနာအမျိုးသား/အမျိုးသမီးအသင်းတွေရယူနိုင်မလား

ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်ညာနောက်ခံလူဟောင်း ဘယ်လက်တီကိုင်တွယ်နေတဲ့ ဘာစီလိုနာယူ-၁၉ လူငယ်အသင်းက ဒီရာသီမှာဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွ

ဂူဟီနဲ့ အီဇီကို နွေရာသီအပြောင်းအ‌ရွှေ့ကာလမှာ ရောင်းချဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းဆန္ဒရှိနေ

ဂူဟီနဲ့ အီဇီကို နွေရာသီအပြောင်းအ‌ရွှေ့ကာလမှာ ရောင်းချဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းဆန္ဒရှိနေ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းခေါင်းဆောင်နောက်ခံလူ ဂူဟီနဲ့ တိုက်စစ်ကစားသမားအီဇီတို့ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ဆန္ဒရှိနေတယ်လို့ ဗြိတိန်