ဩစတြေးလျမှာပါ….

ဩစတြေးလျရဲ့ ပြည်နယ်အများစုဟာ နေရောင်ခြည်အတော်ရရှိတဲ့နိုင်ငံဖြစ်တာကြောင့် အစိုးရအနေနဲ့ Solar Panel တွေကို လူနေအိမ်ခေါင်မိုးပေါ်တွေမှာ တပ်ဆင်သုံးစွဲလာခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ အဲဒီရင်းနှီးမြုပ်နှံမှုတွေက အခုဆိုရင် နိုင်ငံအတွက် အကျိုးရှိစေလာပါပြီ။

ဩတတြေးလျအစိုးရက ကြေညာချက်အရ 2026 မှာ နိုင်ငံတစ်ဝှမ်း မီတာအခမဲ့သုံးစွဲခွင့်ပေးသွားမှာပါ။ အခမဲ့ပေးတဲ့နေရာမှာ အကန့်အသတ်တော့ ရှိပြီး နေ့စဉ် ၃ နာရီသာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ အချိန်သတ်မှတ်ထားတာတော့ မရှိသေးပေမဲ့ မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်း မီတာအခမဲ့သုံးရနိုင်ခြေများပါတယ်။

Solar Share အစီအစဉ်က တစ်နိုင်ငံလုံးအတွက်ဖြစ်ပြီး Solar Panel မရှိတဲ့အိမ်တွေကိုလည်း ပေးသွားမှာပါ။ တစ်ခုရှိတာက Solar Panel မရှိတဲ့အိမ်တွေက Smart Meter တပ်ဆင်ထားဖို့တော့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မီတာခစရိတ်အနည်းငယ်တော့ လျော့ကျသွားမှာပါ။ ဒီအစီအစဉ်ကိုတော့ 2026 ဇူလှိုင်လမှာ စတင်ဆောင်ရွက်သွားမှာပါ။