၂၈နှစ်တာ သက်တမ်းရှိ မြေနီကုန်း ကထမင်းပေါင်း

၂၈နှစ်တာ သက်တမ်းရှိ မြေနီကုန်း ကထမင်းပေါင်း

မင်မင် ဒီနေ့မိတ်ဆက်ပေးမှာက မြေနီကုန်းက နာမည်ကြီး ဦးကျော်ထမင်းပေါင်းဆိုင်‌ေလးဘဲဖြစ်ပါတယ်။ ဦးကျော်ထမင်းပေါင်းဆို လူတော်တော်များများကသိပြီးသားဆိုတော့ ထူးပြီးတော့ မိတ်ဆက်ပေးစရာတော့မလိုပါဘူး။

ဒီဆိုင်လေးကဖွင့်ထားတာ နှစ်ပေါင်း၂၈ နှစ်လောက် ရှိပြီပေါ့နော်။ မင်မင်ဆို ငယ်ငယ်လေးကတည်းက မိဘတွေနဲ့စားဖြစ်တယ်။ အသက်ကြီးလာတော့လည်း မြေနီကုန်းရောက်တိုင်း အမြဲလိုလိုစားဖြစ်တယ်။

မင်မင်မှာဖြစ်တာလေးကတော့

ဝက်အခေါက်အသားရောထမင်းပေါင်း- 2000mmk

ထမင်းပေါင်းလေးကတော့ ဝက်သား၊ ကြက်သား၊ အခေါက်ကင်ဆိုပြီးရှိမယ်။ အခေါက်ကင်နဲ့ကတော့ အကောင်းဆုံးဘဲ။ စားလိုက်တိုင်းကြွပ်ကြွပ်ရွရွလေးနဲ့။ ကော်ရည်နဲ့လည်းလိုက်ဖက်တယ်။ မင်မင်တို့သွားစားတုန်းကတော့ ထမင်းပေါင်းလေးကပူမနေဘူးပေါ့နော်။ အရသာလေးကတော့ ပုံမှန်ထမင်းပေါင်းတွေလို အချိုဘက်သိပ်မသွားဘဲ နည်းနည်းလေးချဉ်တာကိုခံစားမိတယ်။ ဂေါ်ဖီချဉ်၊ ငရုတ်သီးချဉ်လေးတွေနဲ့ဆိုတော့ စားရတာ အရသာမြိန်နေတာဘဲ။

ဝက်သားသုပ်-3000mmk

ဝက်သားသုပ်လေးကတော့ ငရုတ်သီးမှုန့်၊ ဂေါ်ဖီ၊ သခွားသီး၊ ရှောက်ရွက်လေးတေဠနဲ့သုပ်ပေးတာ။ စားရတာတော့ အသားအပြင် ဝက်နာရွက်၊ အရိုးနုတို့လည်းပါတယ်။ မင်မင်ကတော့ ငရုတ်သီးမှုန့်နဲ့ သုပ်တာထက် ပဲငပိကော်ရည်လေးနဲ့ သုပ်ပေးနာကိုပိုသဘောကျတယ်။ မင်မင့်လိုဘဲ ပဲငပိရည်လေးနဲ့စားချင်ရင်လည်း ပဲငပိရည်လေးနဲ့သုပ်ပေးဖို့ပြောလို့ရတယ်။

ဦးကျော်ထမင်းပေါင်း · Bagaya Street, San Chaung Tsp, Yangon, Myanmar (Birma)
★★★☆☆ · Restaurant
ဆိုင်လိပ်စာ - အမှတ် (၂၁/၂၆)၊ မဟာဘောဂလမ်း(ပဒုံမာပန်းခြံ ဘေးလမ်း)၊ မြေနီကုန်း၊ ရန်ကုန်။
ဖုန်း - 09788482520
ဆိုင်ဖွင့်ချိန် - နံနက် (၁၀)နာရီ မှ ည(၇)နာရီခွဲ။
https://www.facebook.com/profile.php?id=100063739433878

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်