3K Video Recording အပြင် AI နည်းပညာအသစ်တွေပါဝင်သည့် Meta ရဲ့မျက်မှန်

3K Video Recording အပြင် AI နည်းပညာအသစ်တွေပါဝင်သည့် Meta ရဲ့မျက်မှန်

Meta သည်ယခင်က Ray-Ban အမျိုးအစားအပြင် AI နည်းပညာများတိုးမြှင့်ထားသည့်နောက်ထပ် AI မျက်မှန်တစ်မျိုးကိုမိတ်ဆက်လိုက်ပါပြီ။ Oakley HSTN smart glasses အသစ်ကို $399 ဈေးနှုန်းဖြင့် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး အားကစားသမားများအတွက် အထူးဒီဇိုင်းထုတ်လုပ်ပေးထားသည်။အဆိုပါမျက်မှန်မှာ 3K ဗီဒီယိုရိုက်ကူးခြင်း၊ ဘက်ထရီသက်တမ်းအားဖြင့် 8 နာရီအသုံးပြုနိုင်ခြင်း၊ ရေစိုခံခြင်း၊ Hand-Free ခေါ်ဆိုမှုများ၊ Music Control ၊ ပတ်ဝန်းကျင်နှင့်အပြန်အလှန်တုံ့ပြန်မှုစသော AI စွမ်းရည်များကို မြှင့်တင်ပေးထားသည်။

အထူးဒီဇိုင်းဖြစ်တဲ့ရွှေရောင် version ကို $499 Limited Edition အဖြစ်ပထမဖြန့်ချိမည်ဖြစ်ပြီးနောက်တွင်အခြားသော အရောင်များနှင့်ရွေးချယ်စရာများကိုလည်းထပ်မံထုတ်လုပ်မည်ဖြစ်သည်။

Oakley HSTN သည် Meta ၏ AI နည်းပညာပေါ်အခြေခံပြီး ထုတ်လုပ်ထားသော ပစ္စည်းတစ်ခုဖြစ်ပြီးမျက်မှန်နှင့်အသုံးပြုလို့ရသောနည်းပညာများ၊ AR (Augmented Reality) ဆိုင်ရာဆန်းသစ်မှုများကိုထည့်သွင်းပေးထားသည်။

အဆိုပါစွမ်းဆောင်ရည်မြင့် wearables များကိုဖန်တီးရောင်းချပေးခြင်းအားဖြင့် Meta  သည်နေ့စဉ်အသုံးချနိုင်သည့် AI စွမ်းရည်များကိုပိုမိုအသုံးချနိုင်ရန် နှင့် အားကစားဘက်တွင်လည်းပိုမိုသင့်လျော်သောပေါင်းစပ်မှုများထဲ့သွင်းပေးထားတယ်လို့ ဖော်ပြထားပါသည်။