စပါးအသင်းက AZ အသင်းကို (ဝ-၁)ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် Round of 16 ပထမအကျော့ပွဲစဉ်မှာ စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီဟာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဆိုလန်ကီဟာ ဒဏ်ရာကြောင့် (၆)ပတ်ကြာအနားယူခဲ့ရပြီး စပါးအသင်းအတွက် ပထမဆုံးပြန်ကစားတဲ့ပွဲမှာ ဒဏ်ရာထပ်မံရရှိသွားခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ဘုန်းမောက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆိုလန်ကီဟာ ဒီပွဲရဲ့ပွဲချိန်(၇၂)မိနစ်မှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့နေရာလူစားလဲဝင်ရောက်လာခဲ့ပေမယ့် (၉၀+၂)မိနစ်မှာ ဒဏ်ရာရခဲ့လို့ လူစားပြန်လဲခဲ့ရပါတယ်။

ဇန်နဝါရီလလယ်ပိုင်းမှာ ဒူးဒဏ်ရာရခဲ့တာကြောင့် စပါးအသင်းရဲ့ပွဲစဉ်(၁၀)ပွဲအထိ လွဲချော်ခဲ့တဲ့ ဆိုလန်ကီဟာ AZ အသင်းနဲ့ပွဲမှာ ပြန်ကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာထပ်ရသွားခဲ့တာကြောင့် စပါးအသင်းအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဆိုလန်ကီဟာ ဒီရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ(၂၉)ပွဲပါဝင်ကစားထားပြီး (၁၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ထားပေမယ့် ဒဏ်ရာတွေကြောင့် ပွဲအများအပြားကို လွဲချော်နေတာပါ။

စပါးအသင်းနည်းပြ ပိုစတိကိုဂလူးက ဆိုလန်ကီရဲ့ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ၂၀၂၅ ခုနှစ်ထဲမှာ ရှုံးပွဲ(၈)ပွဲအထိ ကြုံတွေ့ထားပြီး ဥရောပနဲ့ ပြည်တွင်းပြိုင်ပွဲတွေမှာ ရလဒ်တွေဆိုးရွားနေ တာပါ။ ယူရိုပါလိဂ်ဖလားဟာ ဒီရာသီမှာ စပါးအသင်းအတွက် တစ်လုံးတည်းသောမျှော်လင့်ချက်ဆုဖလားဖြစ်လို့ အသင်းခေါင်းဆောင် ဆွဒဏ်ရာနှိပ်စက်မှုတွေနဲ့န်ဟောင်မင်က AZ အသင်းနဲ့ ဒုတိယအကျော့ပွဲမတိုင်ခင် နှိုးထကြဖို့ တောင်းဆိုထားပါတယ်။

စပါးအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေအပြင် ကြုံတွေ့နေရပြီး ဗန်ဒီဗန်၊ရိုမဲရိုး၊ဘန်ဒေးဗီးစ်၊ဒရာဂူဆန်၊ကူလူဆက်ဗ်စကီးနဲ့ ရစ်ချာလီဆန်တို့ကို အနားပေးထားရတာပါ။ စပါးအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။