6mm ထက်ကို ပိုပါးဦးမယ့် Infinix ဖုန်းအသစ်

ကမ္ဘာ့အပါးဆုံး Curve Display ပါဝင်တဲ့ ဖုန်းကို Infinix ကနေ ဒီနှစ်စလောက်တုန်းက မိတ်ဆက်ခဲ့တယ်။ နာမည်က Hot 50 Pro+ ဖြစ်ပြီး သူ့ရဲ့ အထူက 6.8mm ပဲ ရှိတာပါ။ အခုလည်း Infnix ကနေ ထပ်ပြီး ကြေညာလိုက်ပြန်ပါပြီ။ 6.8mm ထက်ကို ပိုပါးတဲ့ စမတ်ဖုန်းအသစ်ကို ထပ်ပြီး မိတ်ဆက်သွားဖို့ စီစဉ်နေပြီဆိုတဲ့အကြောင်းပါ။

အသစ်မိတ်ဆက်သွားမယ့်ဖုန်းက Infinix Hot Series ထဲကပဲ လာမှာပါ။ Leaker တစ်ဦးဖြစ်တဲ့ Ice Universe ကပြောပုံအရ Hot 60 Pro+ ဖြစ်ဖို့ များပါတယ်။ ဒီဖုန်းရဲ့ အထူက5.95mm အထူသာရှိမှာဖြစ်ပြီး နောက်ထပ် အပါးဆုံး Curve Display ဖုန်း ဖြစ်မယ်လို့ ဆိုထားပါတယ်။

ထုံးစံအတိုင်း iPhone 15 နဲ့ နှိုင်းယှဉ်ထားတဲ့ ပုံတော့ထွက်လာပါပြီ။ နောက်ထပ် ဘာဖုန်းတွေနဲ့ ထပ်ယှဉ်ဦးမလဲတော့ မသိသေးပါဘူး။ Samsung Galaxy S25 Edge က 5.8mm နဲ့မိတ်ဆက်လာတာဖြစ်ပြီး နောက်ထပ်ဟော့နေတဲ့ iPhone 17 Air ကလည်း 5.5mm အထူရှိမယ်လို့ ခန့်မှန်းနေကြပြီိဆိုတော့ နောက်ထပ် Brand တွေလည်း လိုက်လာတာ သိပ်တော့မဆန်းတော့ပါဘူး။

Brand တွေကနေ အပြိုင်အဆိုင် အပါးဆုံးဖုန်းကို မိတ်ဆက်လာနေပေမဲ့ user တွေဘက်ကတော့ ပါးလွှာမှုရဲ့ နောက်ကွယ်က Performance ပိုင်းနဲ့ Battery ပိုင်းကို ပိုပြီးစိတ်ဝင်စားတာကို တွေ့ရပါတယ်။ အဓိကကတော့ ဘယ်လောက်ပဲပါးပါး ခဏခဏအားသွင်းနေရမယ့်ဖုန်းကိုတော့ သိပ်မလိုချင်ကြတဲ့ပုံတွေပါပဲ။