OnePlus ပရိသတ်တွေအတွက် တရုတ်နိုင်ငံမှာ OnePlus 15 နဲ့ OnePlus Ace 6 ထွက်ရှိလာပြီးနောက် နောက်ထပ်သတင်းကောင်းတစ်ခု ရောက်လာပါပြီ။ OnePlus က Turbo series အသစ်တစ်ခုကို စတင်မိတ်ဆက်မယ့် OnePlus Turbo ဖုန်းအသစ်ရဲ့ specifications အများစု ထွက်ပေါ်လာခဲ့ပါတယ်။

OnePlus Turbo မှာ 6.7 လက်မ OLED screen ပါဝင်မှာဖြစ်ပြီး 1.5K resolution နဲ့ 165Hz refresh rate ရှိမှာပါ။ Qualcomm ရဲ့ Snapdragon 8 Gen 5 SoC နဲ့ စွမ်းဆောင်မှာဖြစ်ပြီး ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ Snapdragon 8 Elite Gen 5 နောက်က ဒုတိယ flagship chipset ကို ပထမဆုံး အသုံးပြုမယ့် ဖုန်း ဖြစ်လာနိုင်ပါတယ်။

ဒီဖုန်းရဲ့ အထူးခြားဆုံးအချက်က 8,000mAh ဘက်ထရီကြီး ပါဝင်တာပါပဲ။ ဒါက 7,999mAh အတားအဆီးကို ကျော်လွန်သွားမယ့် ပထမဆုံးဖုန်း ဖြစ်လာမှာပါ။ ဒီဘက်ထရီကြီးက 100W fast charging ပံ့ပိုးမှာဖြစ်လို့ အားသွင်းရတာလည်း မြန်မှာပါ။ Si-C battery နည်းပညာကြောင့် ဖုန်းအရွယ်အစားက ပုံမှန်ဖုန်းလောက်ပဲ ရှိမှာဖြစ်ပြီး နှစ်ရက်လောက် အဆင်ပြေစွာ သုံးနိုင်မယ့် ဖုန်း ဖြစ်လာမှာပါ။

ကင်မရာဘက်မှာ 50MP main camera နဲ့ 8MP ultra-wide camera ပါဝင်မှာဖြစ်ပြီး OIS ပါမပါ မသေချာသေးပါဘူး။ အခြား features တွေအနေနဲ့ X-axis linear motor၊ stereo speakers၊ NFC နဲ့ ultrasonic in-display fingerprint scanner တို့ ပါဝင်မှာပါ။

သတင်းအရ OnePlus Turbo ကို အိန္ဒိယမှာ စမ်းသပ်နေပြီဖြစ်ပြီး လာမယ့် နှစ်လအတွင်း တရားဝင် ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ တစ်နည်းအားဖြင့် ယခုနှစ်ကုန်မတိုင်မီ ဒီဖုန်းကို တွေ့မြင်ရနိုင်မှာ ဖြစ်ပါတယ်။