မာလာစီချွမ်ဆိုတာနဲ့ သတိရသင့်တဲ့ စဉ့်အိုးတန်းက ဆိုင်လေး

မာလာစီချွမ်ဆိုတာနဲ့ သတိရသင့်တဲ့ စဉ့်အိုးတန်းက ဆိုင်လေး

ကဲ ဒီ ပို့စ်လေးကတော့ မာလာစီချွမ်ကြိုက်တဲ့သူတွေအတွက် လုံးဝ လုံးဝကို ဖတ်သင့်တဲ့ ပို့စ်လေးနော်။adminက ဒီနေ့ စဉ့်အိုးတန်းလမ်းမှာရှိတဲ့ 899 စီချွမ်ဆိုတဲ့ ဆိုင်လေးကို ရောက်ခဲ့ပါတယ်။တရုတ်တန်းမှာရှိတဲ့ ဆိုင်တွေက အကုန်နီးပါးကောင်းတယ်ဆိုလို့ရသလို ဒီဆိုင်လေးကလည်း တစ်ဆိုင် အပါအဝင်ပါပဲ။သူ့ဆိုင်လေးက ဖွင့်တာ ၂နှစ်ကျော်လောက်ပဲ ရှိသေးတာဖြစ်ပြီးAdmin ကိုယ်တိုင်လည်း တရုတ်တန်းဘက်ကို ခဏခဏရောက်ဖြစ်တာတောင် ဒီဆိုင်လေးကို သတိမထားဖြစ်ခဲ့မိဘူး။

ဆိုင်လေးက အေးအေးဆေးဆေးလေးရှိတဲ့အပြင် အစားအသောက်တွေဆိုရင်လည်း ရွေးချယ်စရာ စုံပြီး တရုတ်စာကြိုက်တဲ့ သူတွေအတွက် တကယ်ကို ကွက်တိကျမယ့်ဆိုင်လေးဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Portionလည်း များပြီး ပြန်ရတဲ့ အရသာကလည်း ကောင်းတာကြောင့် စျေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း တန်တယ်လို့ admin ကတော့ မြင်မိပါတယ် ။

တချို့ဟင်းပွဲလေးတွေကတော့ ဒီတိုင်းစားဖို့ အတွက်ကျ နည်းနည်းအလေးဘက်သွားပေမယ့် ထမင်းနဲ့ စားရင်ကတော့ အရသာက ကွက်တိပဲနော်။

Admin အနေနဲ့ကတော့ overall ပြောရရင် ဒီဆိုင်လေးကို တော်တော်သဘောကျပြီး နောက်တစ်ခေါက် ထပ်သွားစားဖြစ်မယ့် ဆိုင်List ထဲကို ထည့်ထားလိုက်ပါပြီ။

မာလာစီချွမ်ကိုမှ တရုတ်အရသာစစ်စစ်နဲ့ စားချင်တဲ့ သူတွေအတွက် ဒီဆိုင်လေးက စိတ်ကြိုက်ဖြစ်စေမှာမို့လို့ စဉ့်အိုးတန်းလမ်းဘက်ကို ရောက်ဖြစ်တယ်ဆိုရင် သွားစားကြည့်ကြဖို့ ပြောချင်ပါတယ်။

https://www.facebook.com/899Restaurant

899 Chinese Sichuan Restaurant · 31 Sinn O Dan St, Yangon, Myanmar (Birma)
★★★★★ · Chinees restaurant

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ