ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Sony ကနေ အနာဂါတ်မှာ 8K TV အသစ်တွေ ဆက်ပြီးထုတ်လုပ်သွားမယ့် အစီအစဉ်ကို အပြီးတိုင်ရပ်နားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ တိတ်တိတ်လေးကြေညာသွားတာပါ။

Sony ရဲ့ နောက်ဆုံးထုတ်ထားတဲ့ 8K TV မော်ဒယ်တွေလို့ပြောလို့ရတဲ့ Bravia XR Z9K (75” နဲ့ 85”) ကို 2022 တုန်းက မိတ်ဆက်ခဲ့ပြီး ရောင်းချခဲ့တာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိခဲ့ပါပြီ။ Sony ကတော့ ဒီမော်ဒယ်တွေ ထုတ်လုပ်ခြင်းကိုလည်း ရပ်ဆိုင်းလိုက်ပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ Stock ရှိသလောက်တော့ ရောင်းသွားဦးမှာပါ။

Sony အနေနဲ့ 8K TV ဈေးကွက်ကို ပြန်လည်ဝင်ရောက်လာနိုင်ပေမဲ့လည်းလက်ရှိဈေးကွက်ထဲမှာတောင် လုံလောက်တဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ ကုမ္ပဏီကနေ အဆင့်မြင့် QD-OLED panel တွေကို အဓိကထားထုတ်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီး RGB LED Backlighting တွေပါတဲ့ 4K KLCD ကိုလည်း စတင်စမ်းသပ်နေပြီလို့ ဆိုပါတယ်။

တစ်ခုရှိတာက Sony က လက်ရှိ Natice 8K Camera တွေကို ထုတ်လုပ်ရောင်းချနေဆဲပါ။ ဒီကင်မရာက 7680x4320 Resolution နဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒီလို 8K Camera တွေ ထုတ်လုပ်နေရင်း 8K TV နယ်ပယ်ကနေ ထွက်သွားတာကတော့ တစ်ခုခုပါပဲ။
Discussion