အာဆင်နယ်အသင်းစိတ်ပိုင်းဆိုင်ရာကြောက်ရွံ့မှုရှိနေတယ်လို့ ဝိန်းရွန်နီရဲ့ဝေဖန်မှုကို ဒက်ကလန်ရိုက်စ်ငြင်းပယ်

အာဆင်နယ်အသင်းစိတ်ပိုင်းဆိုင်ရာကြောက်ရွံ့မှုရှိနေတယ်လို့ ဝိန်းရွန်နီရဲ့ဝေဖန်မှုကို ဒက်ကလန်ရိုက်စ်ငြင်းပယ်

ဒီနေ့ကစားမယ့် PSG- အာဆင်နယ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က အာဆင်နယ်အသင်းဟာ ဆုဖလားတွေရယူဖို့ စိတ်ပိုင်းဆိုင်ရာကြောက်ရွံ့မှုရှိနေတယ်လို့ မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီရဲ့ဝေဖန်မှုကို ငြင်းပယ်ခဲ့ပါတယ်။ ဝိန်းရွန်နီဟာ အာဆင်နယ်အသင်းက PSG အသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းကို ဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။

ဝိန်းရွန်နီက အာဆင်နယ်အသင်းဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာအားနည်းပြီး ဖိအားတွေအောက်မှာ မကြာခဏရှုံးနိမ့်နေတယ်လို့ ဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြအာတီတာရဲ့လက်ထက်မှာ FA ဖလားနဲ့ ကွန်မြူနတီဒိုင်း(၁)ကြိမ်စီသာရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် ခြေချော်မှုတွေကြောင့် ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တာပါ။

ဒက်ကလန်ရိုက်စ်က"ကျွန်တော်တို့ သူတို့ကို အုပ်စုအဆင့်မှာတုန်းက အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ကြောက်စရာလုံးဝမရှိပါဘူး။ ပွဲအစပိုင်းမှာ ပေးခဲ့ရတဲ့သွင်းဂိုးကြောင့် အနည်းငယ်တုန်လှုပ်သွားခဲ့တာပါ။ ကျွန်တော်တို့ဟာ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးသမားအံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကာကွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့သူတို့ကို အနိုင်ယူနိုင်မယ်ဆိုတာ အပြည့်အဝယုံကြည်မှုရှိတယ်"လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြအာတီတာက မက်ဒရစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်က ပုံစံအတိုင်းလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့တာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်(ပထမအကျော့)အိမ်ကွင်းမှာ အရေးနိမ့်ပြီး ဒုတိယအကျော့အဝေးကွင်းမှာ နိုင်ပွဲရယူကာ ဗိုလ်လုပွဲကိုတက်နိုင်တဲ့အသင်းတွေအဖြစ် ၁၉၉၅-၉၆ ရာသီက အိုင်းယက်စ်အသင်းနဲ့ ၂၀၁၈-၁၉ ရာသီက စပါးအသင်းတို့လုပ်ပြထားပါတယ်။ အဲ့ဒါကြောင့် အာဆင်နယ်အသင်းလည်း PSG အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး ဗိုလ်လုပွဲတက်အောင် လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Read more

အာဆင်နယ်ကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် PSG

အာဆင်နယ်ကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် PSG

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့) PSG (၂-၁)အာဆင်နယ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ အီတလီဂိုးသမားဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်ခဲ့တဲ့ အာ

TikTok လိုမျိုး ပုံစံအသစ်နဲ့ တွေ့ရဦးမယ့် Netflix

TikTok လိုမျိုး ပုံစံအသစ်နဲ့ တွေ့ရဦးမယ့် Netflix

အလွယ်ပြောရမယ်ဆိုရင် TikTok လို Short Video တွေ ကြည့်နိုင်အောင် Feed အသစ်တစ်ခု လုပ်ပေးသွားမယ့်ပုံစံမျိုးပါ။ ဒီ Feature ကိုတော့ လာမယ့်အပတ်ထဲမှာ စပြီးစမ်းသပ်သွားမယ်လို့ Netflix က ကြေညာထာ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအ‌ရွှေ့ကာလက မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီး ဘက်တစ်အသင်းထံ အငှားနဲ့ ပြောင်း‌ရွှေ့ခဲ့တာက သူလုပ်ခဲ