အာဆင်နယ်-PSG ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကထက် ပိုပြီးဆူညံသံလိုချင်တယ်လို့ ပရိသတ်တွေကို အာတီတာတိုက်တွန်း

အာဆင်နယ်-PSG ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကထက် ပိုပြီးဆူညံသံလိုချင်တယ်လို့ ပရိသတ်တွေကို အာတီတာတိုက်တွန်း

ဒီနေ့ကစားမယ့် အာဆင်နယ်-PSG ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အာဆင်နယ်အသင်းနည်းပြအာတီတာက အသင်းပရိသတ်တွေဆီကနေ ပြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကထက် ပိုပြီးဆူညံတဲ့အသံလိုချင်တယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ PSG အသင်းကို အနိုင်ယူကျော်ဖြတ်ပြီး နှစ်ပေါင်း(၂၀)နီးပါးအကြာမှာ ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချန်ပီယံဆုကို(၁၅)ကြိမ်အထိရရှိထားတဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့စလုံးအနိုင်ရယူကာ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာနဲ့သာ ရာသီအဆုံးသတ်ရဖို့ ရှိတာကြောင့် ဒီရာသီမှာရယူနိုင်စရာဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ အာဆင်နယ်အသင်းနည်းပြအာတီတာက PSG အသင်းနဲ့ပွဲမှာ အသင်းပရိသတ်တွေဟာ သူတို့ရဲ့အပိုကစားသမားတစ်ဦးဖြစ်လာအောင်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အာတီတာက "ကျွန်တော်တို့ဟာ သမိုင်းကိုဖန်တီးနေပြီး လှပတဲ့ဇာတ်လမ်းကိုဆက်ပြီးသွားနေပေမယ့် နောက်ထပ်အများကြီးလိုချင်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဖိနပ်တွေ၊ဘောင်းဘီတွေနဲ့ အင်္ကျီတွေယူလာပြီး အတူတူကစားကြမယ်။ ထူးခြားတဲ့အရာလုပ်ချင်ရင် ဒီနေရာကလည်းထူးထူးခြားခြားဖြစ်ရမှာပါ။ ကစားသမားတွေဟာ ပရိသတ်တွေရဲ့အားပေးမှုတွေကိုခံစားရပြီး ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ကြုံခဲ့ရတဲ့ ခံစားချက်က ဒါပါပဲ"လို့ ဆိုခဲ့တာပါ။

အာဆင်နယ်အသင်းဟာ PSG အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ချိန်တုန်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရလဒ်ရယူထားပါတယ်။ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ပြီးခဲ့တဲ့ပွဲကို မပါဝင်နိုင်ခဲ့တဲ့ ကွင်းလယ်လူ မယ်ရီနိုနဲ့ နောက်ခံလူ ဘင်ဝှိုက်တို့ဟာ PSG အသင်းနဲ့ပွဲစဉ်မှာ ပြန်ပါဝင်နိုင်မှာဖြစ်ပြီး နောက်ခံလူ ကာလာဖီအိုရီက လွဲချော်မယ်လို့ နည်းပြအာတီတာက ဆိုခဲ့ပါတယ်။

Read more

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

နာမည်ကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ မက်ဆီတို့အနေနဲ့ မိမိတို့ရဲ့အသင်းတွေနဲ့အတူ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကြီးအလိုက်ကလပ်အသင်းပြိုင်ပွဲတွေမှာ တူညီတဲ့ကံ

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ (၃-၃)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့)ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

Donald Trump ၏ဒုတိယသက်တမ်းစတင်ချိန်မှစ၍ Elon Musk ၏အသားတင်ပိုင်ဆိုင်မှုသည်ဒေါ်လာ 113 ဘီလီယံ သို့မဟုတ် 25% ခန့်ကျဆင်းသွားခဲ့သည်။ Tesla ၏ရှယ်ယာများသည် EV ရောင်းအားနည်းခြင်