အာကာသမှာ Solar Station တည်ဆောက်မည့်တရုတ်နိုင်ငံ

တရုတ်နိုင်ငံသည် ဒုံးပျံအကြီးစားများအသုံးပြုကာ အာကာသတွင် နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကြီးများတည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

China Academy of Engineering (CAE) မှ သိပ္ပံပညာရှင် Lehao ​​မှဦးဆောင်ပြီးဤပရောဂျက်ကို Three Gorges Damဟုအမည်ပေးထားသည်။

ကမ္ဘာမြေပြင်အထက် 36,000 ကီလိုမီတာ (22,370 မိုင်) အကွာတွင် geostationary orbit တစ်ခုအဖြစ် နေရာချထားမည်လို့လဲသိရသည်။အဓိက အကျိုးကျေးဇူးမှာ ရာသီဥတု၊ နေ့-ည လည်ပတ်မှု သို့မဟုတ် အခြားသောအကြောင်းအရာများကြောင့်အနှောက်အယှက်မဖြစ်စေပဲ လျှပ်စစ်ဓာတ်အားအမြဲထုတ်လုပ်နိုင်ရန်ဖြစ်သည်။

အာကာသထဲတွင် နေရောင်ခြည်ပြင်းအားသည် ကမ္ဘာမြေထက် ပိုမိုပြင်းထန်ပြီး နေရောင်ခြည်ရရှိရန်အတွက်အကောင်းဆုံးဖြစ်အောင်တည်ဆောက်သွားမည်ဟုဆိုထားသည်။