အာမိုရင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့မေးမြန်းမှုကို ဘရူနိုဖာနန်ဒက်စ် ကြားဖြတ်ကာဖြေဆိုခဲ့

အာမိုရင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့မေးမြန်းမှုကို  ဘရူနိုဖာနန်ဒက်စ် ကြားဖြတ်ကာဖြေဆိုခဲ့

စပါး-မန်ယူနိုက်တက် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ နည်းပြအာမိုရင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးရဲ့မေးမြန်းမှုကို ကြားဖြတ်ကာ ဝင်ရောက်ဖြေဆိုသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင်လက်ထက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပြီး အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေတာပါ။

ဒါပေမယ့် မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့မတူတဲ့ ရှုံးပွဲမရှိရလဒ်နဲ့ ဗိုလ်လုပွဲကို ရောက်ရှိနေပြီး ချန်ပီယံဆုကိုရရှိရင် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ရမယ့် စပါးအသင်းကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၇)နေရာရပ်တည်နေတာပါ။

ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ပွဲကြိုမီဒီယာတွေ့ဆုံမှုကို မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်နဲ့အတူ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်၊ နောက်ခံလူမက်ဂွဲယားတို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီအချိန်မှာ သတင်းထောက်တစ်ဦးက မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ စပါးအသင်းနည်းပြပိုစတီကိုဂလူးလို တူညီတဲ့ဖိအားမျိုးရှိနေတဲပုံမပေါ်ဘူးလို့ မေးမြန်းခဲ့တာပါ။

ဒီအချိန်မှာ ဘရူနိုဖာနန်ဒက်စ်က ကြားဖြတ်ပြီး "သူ့မှာဖိအားတွေမရှိဘူးဆိုပြီး ခင်ဗျားကို ဘယ်သူပြောလဲ"လို့ ဖြေသွားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့ရာထူးကိုရယူချင်နေတယ်လို့ နောက်ပြောင်ခဲ့ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ မန်ယူနိုက်တက်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ ဖိအားအချို့ရှိပေမယ့် အသင်းအကြီးအကဲတွေက သူ့ဘက်ကနေ အပြည့်အဝရပ်တည်ပေးထားပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်