အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း လေဗာကူဆင်အသင်းအတည်ပြု

အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း လေဗာကူဆင်အသင်းအတည်ပြု

ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းဟာ စပိန်လူမျိုးနည်းပြဇာဘီအလွန်ဆို ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ အသင်းကထွက်ခွာပြီးနောက် လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာက မန်ယူနိုက်တက်အသင်းကထုတ်ပယ်ခံရပြီးနောက် (၇)လအကြာမှာ ပထမဆုံးနည်းပြရာထူးအဖြစ် လေဗာကူဆင်အသင်းကို တာဝန်ယူကိုင်တွယ်မှာပါ။

အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဇူလိုင်(၁)ရက်ကစတင်ကာ နည်းပြသစ်အဖြစ်ကိုင်တွယ်တော့မှာဖြစ်ပါတယ်။ လေဗာကူဆင်အသင်းအားကစားဒါရိုက်တာက "အဲရစ်တန်ဟတ်ဟာ ခက်ခဲတဲ့ အခြေအနေအောက်မှာ မန်ယူနိုက်တက်အသင်းကို လိဂ်ဖလားနဲ့ FA ဖလားရယူပေးနိုင်ခဲ့တဲ့ သူ့ရဲ့အောင်မြင်မှုကို မီးမောင်းထိုးဖော်ပြခဲ့တာပါ။ ဒါ့အပြင် အဲရစ်တန်ဟတ်ဟာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အထိ ဒတ်ချ်ဘောလုံးလောကကို လွှမ်းမိုးပြီး အိုင်းယက်စ်အသင်းကို ဆုဖလား(၆)ခုအထိ ရယူပေးနိုင်ခဲ့တယ်"လို့လည်း ဆိုခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကလည်း လေဗာကူဆင်အသင်းဟာ ဂျာမနီမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး သူတို့ရဲ့ကြီးထွားလာတဲ့ ရည်မှန်းချက်တွေကို ပိုပြီးကောင်းမွန်အောင် လုပ်ပေးဖို့ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းကို ရာသီအစ(၁၄)ပွဲမှာ (၄)ပွဲသာအနိုင်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် နည်းပြရာထူးက ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

အဲရစ်တန်ဟတ်ဟာ ဂျာမနီမှာ ဘိုင်ယန်မြူးနစ်ဒုတိယအသင်းကို ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အထိ ကိုင်တွယ်ဖူးတဲ့အတွေ့အကြုံရှိပါတယ်။ လေဗာကူဆင်အသင်းဟာ နည်းပြဟောင်း ဇာဘီအလွန်ဆိုလက်ထက် ဒီရာသီမတိုင်မီက ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိချန်ပီယံဆုရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတာပါ။ အဲ့ဒါကြောင့် အဲရစ်တန်ဟတ်အနေနဲ့ လေဗာကူဆင်အသင်းကို လာမယ့်ရာသီမှာ ဆုဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရီးရဲလ်ဘက်တစ် - ချယ်လ်ဆီး (29 May 2025/ 1:30 am) ချယ်လ်ဆီးက ကွန်းဖရန့်လိဂ် မှာ တန်းမတူဘဲ ဆင်းထိုးတဲ့ ဟဲဗီးဝိတ်လက်ဝှေ့သမားလိ

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

Tesla သည်၎င်း ၏ကားများကို ၂၀၂၅ ခုနှစ် ဧပြီလ တွင်ဆော်ဒီအာရေးဗျနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး Riyadh မြို့တွင်ပထမဆုံး Showroom နှင့် Service Center ကိုဖွင့်လှစ်ခဲ့သည်။ အဆိုပါ

iPhone 17 Air အကြောင်းတစေ့တစောင်း

iPhone 17 Air အကြောင်းတစေ့တစောင်း

iPhone 17 Air ကိုလာမည့်ယခုစက်တင်ဘာလတွင် iPhone 16 Plus နေရာကိုအစားထိုးမည့်သီတင်းနှင့်အတူအခြားသီတင်းအသစ်များထွက်ပေါ်လာသည်။ iPhone 17 Air ၏အလေးချိန်နှင့်ပတ်သက်သည့်အချက်အလက်

Battery 7000mAh ကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ realme GT 7

Battery 7000mAh ကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ realme GT 7

Battery 7000mAh ကြောင့်ဆိုတာထက် အဓိကအကြောင်းအရင်းက realme GT 7 က 24 နာရီလုံး ရုပ်ရှင်ဆက်တိုက်ကြည့်နိုင်အောင် အားခံတာကြောင့်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ စမတ်ဖု