အစ်ဝစ်ချ်အသင်းတိုက်စစ်မှူးဒီလပ်နဲ့ မန်ယူနိုက်တက်အသင်းမျက်နှာချင်းဆိုင်ဆွေးနွေးမှုပြုလုပ်

အစ်ဝစ်ချ်အသင်းတိုက်စစ်မှူးဒီလပ်နဲ့ မန်ယူနိုက်တက်အသင်းမျက်နှာချင်းဆိုင်ဆွေးနွေးမှုပြုလုပ်

လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်အသင်းဟာ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူးဒီလပ်နဲ့ အပြောင်းအရွှေ့အတွက် မျက်နှာချင်းဆိုင်ဆွေးနွေးမှုပြုလုပ်နေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၃၇)ပွဲကစားအပြီးမှာ (၄၂)ဂိုးသာသွင်းယူထားနိုင်တာကြောင့် ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင်ပြုလုပ်ဖို့ ဆန္ဒရှိနေတာပါ။

မန်ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းကြယ်ပွင့်ကွန်ညာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေအများအပြားက ဖော်ပြခဲ့ပြီးနောက် ဒီလပ်ကို ခေါ်ယူနိုင်ဖို့ပါ ကြိုးစားနေတာဖြစ်ပါတယ်။ အစ်ဝစ်ချ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကတန်းဆင်းခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းဟာ ဒီလပ်ကို စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်သန်း(၃၀)နဲ့ ခေါ်ယူလို့ရရှိနိုင်တာပါ။

အစ်ဝစ်ချ်အသင်းဟာ ဒီလပ်ကို မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ခွင့်ပြုထားပြီး ဒီလပ်ဟာ သူ့အနာဂတ်ကို မဆုံးဖြတ်မီ အခြားရွေးချယ်မှုတွေကိုလည်း စဉ်းစားနိုင်တာဖြစ်ပါတယ်။ ဒီလပ်ဟာ ဒီရာသီမှာ အစ်ဝှစ်ချ်အသင်းအတွက် လိဂ်(၃၅)ပွဲပါဝင်ကစားထားပြီး (၁၂)ဂိုးသွင်းယူထားကာ သူ့ကိုခေါ်ယူဖို့ ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတာပါ။

မန်ယူနိုက်တက်အသင်းဟာ ဘရန်ဖိုဒ့်အသင်းတိုက်စစ်မှူးအမ်ဘူမို၊စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်တို့ကိုလည်း သူတို့ရဲ့တိုက်စစ်ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို အာရုံစိုက်နေပြီး ဒီပွဲပြီးရင် ပရီးမီးယားလိဂ်ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်