အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အဲဗာတန်အသင်းနည်းပြဒေးဗစ်မွိုက်စ်က ချယ်လ်ဆီးနဲ့မန်ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ သူစိတ်ဝင်စားတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်မွိုက်စ်က ဒီလပ်ဟာ အသင်းကြီးတစ်သင်းထံပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

အစ်ဝှစ်ချ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့ပြီဖြစ်တာကြောင့် အင်္ဂလန်လူငယ်ကြယ်ပွင့် ဒီလပ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေဟာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်သန်း(၃၀)နဲ့ ခေါ်ယူလို့ရမှာဖြစ်ပါတယ်။



ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဖွင့်တာနဲ့ ဒီလပ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းဖွယ်ရှိနေတာပါ။ အဲဗာတန်အသင်းကလည်း ဒီလပ်ကိုခေါ်ယူဖို့ စိတ်ဝင်စားတာကြောင့် ချယ်လ်ဆီး၊မန်ယူနိုက်တက်အသင်းတို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

ဒေးဗစ်မွိုက်စ်က "ဒီလပ်ဟာ ကျွန်တော်တို့စိတ်ဝင်စားတဲ့သူဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ထက် ပိုပြီးကြီးမားတဲ့အသင်းကိုကြည့်မယ်လို့ထင်ပါတယ်။ သူသာ ကျွန်တော်တို့ဆီကို ပြောင်းရွှေ့ဖို့စိတ်ဝင်စားရင် ကျွန်တော်တို့လည်း သေချာပေါက်စိတ်ဝင်စားပါတယ်"လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်းမှာ တိုက်စစ်ပိုင်းကရုန်းကန်ခဲ့ရမှုတွေကြောင့် နည်းပြဒေးဗစ်မွိုက်စ်ဟာ လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းကို အားကောင်းအောင်လုပ်ဖို့ ပြင်ဆင်နေတာပါ။ အဲ့ဒါကြောင့် ဒေးဗစ်မွိုက်စ်ဟာ ဒီလပ်အပါအဝင် အဲဗာတန်အသင်းအတွက် ခေါ်ယူမယ့်တိုက်စစ်မှူးစာရင်းကို ပြုစုမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Read more

လိဒ်စ်ယူနိုက်တက်ကစားသမားတွေ ချန်ပီယံရှစ်ဆုဖလားအတွက်အောင်ပွဲခံချိန် အရန်ခုံမှာ နည်းပြဒန်နီယယ်ဖာ့ခ် ထိုင်နေခဲ့

လိဒ်စ်ယူနိုက်တက်ကစားသမားတွေ ချန်ပီယံရှစ်ဆုဖလားအတွက်အောင်ပွဲခံချိန် အရန်ခုံမှာ နည်းပြဒန်နီယယ်ဖာ့ခ် ထိုင်နေခဲ့

လိဒ်စ်ယူနိုက်တက်အသင်းဟာ ပလိုင်မောက်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီချန်ပီယံရှစ်ပြိုင်ပွဲရဲ့ချန်ပီယံဖြစ်ခဲ့ပြီးနောက် လိဒ်စ်ယူနိုက်

မေလထဲမှာမိတ်ဆက်လာနိုင်သည့် Honor 400 series

မေလထဲမှာမိတ်ဆက်လာနိုင်သည့် Honor 400 series

ဧပြီလအစောပိုင်းတုန်းက Honor 400 Lite ကိုမိတ်ဆက်ပေးခဲ့ပြီးယခုအခါကုမ္ပဏီက Honor 400 seriesကိုမိတ်ဆက်ဖို့စီစဉ်နေပါပြီ။ထွက်ရှိလာသောသီတင်းများအရအဆိုပါ series သစ်ကိုမေလတွ

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

Ballon d’Or ဆုကို ဆွတ်ခူးခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးဆွတ်ခူးသူအဖြစ်စံချိန်တင်ထားတာက ၁၉၉၇ ခုနှစ်မှာ ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးရော်နယ်ဒို(ဒိုကြ

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့  အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါက အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်