အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က (၁၂) ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် အစ္စရေးနှင့် အီရန်တို့အကြား အလုံးစုံ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာလိုက်သည်။
ကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော ဤသဘောတူညီချက်အရ အီရန်နိုင်ငံက အပစ်အခတ်ရပ်စဲရေးကို ဦးစွာစတင်မည်ဖြစ်ပြီး ၁၂ နာရီအကြာတွင် အစ္စရေးနိုင်ငံက လိုက်နာမည်ဖြစ်ကြောင်း သိရသည်။ ၂၄ နာရီပြည့်မြောက်ချိန်တွင် စစ်ပွဲ တရားဝင် ပြီးဆုံးပြီဟု မှတ်ယူမည်ဖြစ်သည်။
လွန်ခဲ့သည့်ရက်များအတွင်း အမေရိကန်က အီရန်၏ နျူကလီးယားစခန်းသုံးခုကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ကာတာရှိ အမေရိကန်လေတပ်စခန်းအပါအဝင် အမေရိကန်နှင့် အစ္စရေးပိုင်နေရာများကို ဒုံးကျည်များဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ရာမှ တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေးကို အတည်ပြုခဲ့သော်လည်း၊ အီရန်ဘက်မှ တရားဝင်ထုတ်ပြန်ချက်ကိုမူ စောင့်ဆိုင်းနေဆဲဖြစ်သည်။
Discussion