အဆင့်မြင့်ကိုယ်ပိုင် Chipset အသစ်ကို မကြာခင်မိတ်ဆက်တော့မယ့် Xiaomi

အဆင့်မြင့် Mobile Chipset လို့ဆိုထားတဲ့ XringO1 အမည်ရ ကိုယ်ပိုင် Chiopset အသစ်ကို Xiaomi ကနေ အခုမေလကုန်ပိုင်းလောက်မှ မိတ်ဆက်သွားမယ်ဖြစ်ကြောင်း Xiaomi CEO Lei Jun ကိုယ်တိုင် Weibo မှာ ကြေညာလာတာပါ။

Xiaomi ကတော့ မကြာသေးခင်ကပဲ ကိုယ်ပိုင် Andriod OS ကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် တကယ်ထွက်ရှိလာတာကတော့ ကိုယ်ပိုင် Chipset အသစ်အကြောင်းပါ။ တရုတ်နိုင်င့တွင်းမှာတင် ပြိုင်ဆိုင်မှုများပြားလာတဲ့အပေါ် ကိုယ်ပိုင် Chips ဖန်တီးမှုအပေါ် ပြန်လည်အာရုံစိုက်လာခြင်းဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

Xiaomi ရဲ့ အသစ်ထွက်လာမယ့် XringO1 ဟာဆိုရင် Xiaomi ကိုယ်ပိုင် Chips ဖန်တီးထုတ်လုပ်တဲ့ ARM Architecture ကနေ ဖန်တီးထားပြီး ထုတ်လုပ်မှုအပိုင်းကိုတော့ ကမ္ဘာ့အကြီးဆုံး Contract Chip Maker ဖြစ်တဲ့ TSMC ရဲ့ အဆင့်မြင့် 3nm node နဲ့ ပြုလုပ်ထားတယ်လို့ သတင်းတွေထွက်ထားပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ Xiaomi ဘက်က မကြေညာသေးတာမို့ မကြာခင်တွေ့မြင်ရဖို့တော့ အလားအလာများနေပါပြီ။

Xiaomi အနေနဲ့ ကိုယ်ပိုင် Chips ကို အခုမှစထုတ်တာတော့ မဟုတ်ပါဘူး။ 2014 တုန်းကလည်း Pengpai S1 mobile processor ဆိုပြီး ထုတ်ခဲ့တဲ့အပြင် Xiaomi 5C ဖုန်းမှာ ထည့်သုံးခဲ့ပါသေးတယ်။ 2019 ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ယာယီရပ်ဆိုင်းခဲ့ပြီး 2021 မှာ ပြန်လည်စတင်ခဲ့ရာကနေ အခု 2025 မှာတော့ နောက်ထပ်အဆင့်မြင့် Chips ကို ဖော်ထုတ်လာတာပဲဖြစ်ပါတယ်။