ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

မန်စီးတီးအသင်းကြယ်ပွင့်နဲ့ Ballon d'Or ဆုရှင် ရိုဒရီဟာ ဒူး(ACL)ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။

စပိန်ကွင်းလယ်လူ ရိုဒရီဟာ ဒီရာသီမကုန်မီမှာ မန်စီးတီးအသင်းအတွက် ပြန်ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ရိုဒရီဟာ ပြီးခဲ့တဲ့နှစ်၊စက်တင်ဘာက မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူး(ACL)ဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရမယ်လို့ အားလုံးက ခန့်မှန်းထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် play-offs ပွဲတွေမတိုင်မီ အသင်းရဲ့လူစာရင်းထဲမှာ ရိုဒရီကို ထည့်သွင်းခဲ့ပြီး ရာသီမကုန်ခင်မှာ သူ့ကိုအသုံးပြုလို့ရနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။

အခုအချိန်မှာတော့ ရိုဒရီဟာ မန်စီးတီးအသင်းရဲ့လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိပြီး လေ့ကျင့်မှုတွေပြုလုပ်နေတာကို Sky Sports က မျှဝေထားတဲ့ ရုပ်သံမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ရိုဒရီဟာ ပွဲတွေပြန်ကစားနိုင်ဖို့အတွက် နောက်ထပ်ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီး အသင်းဖော်တွေနဲ့အတူ မြက်ခင်းပြင်ပေါ်မှာ ဘောလုံးကန်နေတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်နေခဲ့တာပါ။

မန်စီးတီးအသင်းဟာ ရိုဒရီကို ကာလရှည်ကြာလက်လွှတ်ခဲ့ရပြီးနောက် ဒီရာသီမှာ ရလဒ်တွေအလွန်ဆိုးရွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲတွေကစားဖို့ (၄)ပွဲသာကျန်ရှိတော့ပြီး FA ဖလားဗိုလ်လုပွဲအဖြစ် မေ(၁၇)ရက်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ယှဉ်ပြိုင်ရမှာပါ။ ရိုဒရီအနေနဲ့ ဒီရာသီပရီးမီးယားလိဂ်လက်ကျန်ပွဲတွေအပြင် FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းအတွက် ပြန်လည်ပါဝင်လာနိုင်တာဖြစ်ပါတယ်။

Read more

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

စပါး - Bodo/Glimt (ယူရိုပါလိဂ်ဆီမီးဖိုင်နယ်) (2 May 2025/ 1:30 am) စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေ

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီ

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှ