Adobe က သူတို့ရဲ့ နာမည်ကြီး ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲ Premiere ကို iPhone မှာ အခမဲ့သုံးလို့ရအောင် ထုတ်ပေးတော့မယ်လို့ ကြေညာလိုက်ပါပြီ။ ဒီလကုန်ပိုင်းမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး Android ဗားရှင်းကိုလည်း ဖန်တီးနေပါပြီ။

ဒီအက်ပ်မှာ multi-track timeline ပါမယ်၊ ဗီဒီယို၊ အသံနဲ့ စာသားအလွှာတွေကို အကန့်အသတ်မရှိ ထည့်သုံးလို့ရမယ်။ အလိုအလျောက် စာတန်းထိုးပေးတဲ့ feature၊ 4K HDR support နဲ့ TikTok၊ YouTube Shorts၊ Instagram တို့ကို တစ်ချက်နှိပ်ပြီး export လုပ်လို့ရမယ်။ Platform တစ်ခုချင်းစီအတွက် အရွယ်အစားကို အလိုအလျောက် ချိန်ညှိပေးတဲ့ feature လည်း ပါပါတယ်။

iOS ဗားရှင်းကို အခမဲ့ download လုပ်ပြီး သုံးလို့ရပေမယ့် cloud storage နဲ့ generative AI credits တွေအတွက်တော့ ပိုက်ဆံပေးရမှာပါ။ Adobe ရဲ့ generative sound effects နဲ့ AI speech enhancement feature တွေ၊ Adobe Firefly က ထုတ်ပေးတဲ့ AI assets တွေလည်း ပါဝင်မှာပါ။ AI မသုံးချင်ရင် Adobe fonts တွေ၊ ပုံတွေ၊ အသံတွေ၊ ဂီတတွေနဲ့ ဗီဒီယို assets တွေကို အခမဲ့သုံးလို့ရပါတယ်။

အရင်က Adobe က မိုဘိုင်းမှာ Premiere Rush ဆိုတဲ့ ရိုးရှင်းတဲ့ဗားရှင်းကိုပဲ ပေးထားခဲ့တာပါ။ အခု Premiere အသစ်ကတော့ Premiere Pro နဲ့ ပိုနီးစပ်မယ်လို့ Mike Polner (VP of Creator Product Marketing) က ပြောပါတယ်။ "Pro-level complexity မပါဘဲ pro-level creative control ကို သင့်လက်ထဲမှာ ထားပေးမယ်" တဲ့။

"iPhone အတွက် Premiere နဲ့ ရုပ်ရှင်ရိုက်ကူးသူတွေ၊ designer တွေ၊ animator တွေနဲ့ YouTube creator တွေက ကြော်ငြာတွေ၊ music video တွေ၊ Oscar ဆုရရုပ်ရှင်တွေနဲ့ viral content တွေ ဖန်တီးတဲ့ စွမ်းအားကို capture to publish အဆင်ပြေဆုံးနေရာဖြစ်တဲ့ သင့်ဖုန်းထဲကို ယူလာပေးမယ်" လို့ သူက ဆိုပါတယ်။

#AkhayarTech #Adobe #Premiere #PremierePro #MobileEditing