အေးဆေးလေး chill မယ်ဆို မသွားမဖြစ်သွားသင့်တယ့် Cafe ဆိုင်တစ်ဆိုင်

အေးဆေးလေး chill မယ်ဆို မသွားမဖြစ်သွားသင့်တယ့် Cafe ဆိုင်တစ်ဆိုင်

ဒီနေ့ဆိုင်လေးကတော့ အေးဆေး chill မယ့်သူတွေ အတွက်တော့ အထူးကိုအဆင်ပြေမှာပါ။ ဆိုင်နာမည်လေးကတော့ I m black ဖြစ်ပါတယ်။

ဆိုင်ရဲ့ နေရာတော်တော်များများကတော့ ပန်းပင်လေးတွေနဲ့ အလှဆင်ထားတယ်။ ဆိုင်ကြမ်းပြင်ကတော့ မြက်ခင်းတုခင်းပေးထားတယ်။ ဆိုင်က Retro ဆန်ဆန်လေးနဲ့ အေးအေးဆေးဆေးလေးထိုင်လို့ရအောင် လုပ်ပေးထားတာမို့ တော်တော်လေးသဘောကျမိတယ်။ စာအုပ်လည်းဖတ်လို့ရသလို၊ သူငယ်ချင်းတွေနဲ့ လာရင်လည်း Monopoly ၊Chess ၊Scrabble စတဲ့ game တွေလည်းဆော့လို့ရတယ်။

မင်မင်တို့မှာစားဖြစ်တာကတော့...

Chicken Burger with Cheese Fries- 3500mmk

ပုံမှန်ဆိုရင်တော့ Charcoal Burger ရယ် Cheese Fries တစ်ပွဲရယ်ပါတယ်။ မင်မင်တို့သွားစားတုန်းကတော့ Charcoal Burger ကကုန်သွားပြီမို့ Classic Burger ဘဲစားခဲ့တယ်။ ပေါင်မုန့်သားလည်းအိ၊ ထောပတ်အနံ့လေးလည်းရ၊ ကြက်ကြော်၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊ cheese ပြားလေးလည်းပါတော့ စားရတာတန်တယ်လို့ထင်တယ်။ အရသာလည်းစားကောင်းတယ်။

Cheese Fries ကတော့ sauce နှစ်မျိုးရှိမယ်။ Sweet Chilli Sauce နဲ့ Cheese Sauce ပေါ့။

မင်မင့်အမြင်အရတော့ နှစ်ခုလုံးအရသာကောင်းတယ်။ Cheese နဲ့စားရတာကိုပိုသဘောကျမိတယ်။

Blue Lemon Soda- 1800mmk

Blue Lemon Soda လေးကတော့ အချိုဘက်နည်းနည်းလေးရောက်တယ်။ Soda အရသာ ဆူးဆူးရှရှလေးရတာမို့ သောက်ရတာအဆင်ပြေတယ်။

Lemon Tea Iced- 1800mmk

Lemon Tea အရသာလေးက ချိုပြီး နွေရာသီနဲ့သာမက မိုးရာသီလေးနဲ့လည်းကိုက်ညီတော့ အေးဆေး Chill လို့ရတယ်။ တခြား Lemon Tea တွေလို ရှတရှတလည်းဖြစ်‌မနေဘဲ တော်တော်လေးသောက်လို့ကောင်းတယ်။

မင်မင့်အမြင်ကတော့ Burger set ကိုတော်တော်လေးသဘောကျတယ်။ ဈေးနှုန်းကလည်းတန်တယ်လို့ခံစားမိတယ်။

I m black · R54H+C9G, Yangon, Myanmar (Birma)
★★★★★ · Koffiebar
ဆိုင်လိပ်စာ -အမှတ်47‌ သတိပဌာန်လမ်းကျောက်မြောင်း တာမွေမြို့နယ် ရန်ကုန်။
ဖုန်း - 09780403844
ဆိုင်ဖွင့်ချိန် - နံနက် (၁၁)နာရီ မှ ည(၈)နာရီခွဲ။
https://www.facebook.com/profile.php?id=100069704196531

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်