Aesthetic Vibeလေး နဲ့ သက်သတ်လွတ်စားကြမယ်

Aesthetic Vibeလေး နဲ့ သက်သတ်လွတ်စားကြမယ်

ဒီတစ်ခေါက် admin ခေါ်သွားပေးမယ့် နေရာလေးကတော့ Nourish Cafe ဆိုတဲ့ သက်သတ်လွတ် စားသောက်ဆိုင်လေးပဲ ဖြစ်ပါတယ်။ဒီဆိုင်လေးကို facebook မှာ စတွေ့တည်းက သွားစားချင်နေခဲ့တာ ခုမှပဲ အကောင်အထည်ဖော်ဖြစ်သွားတယ်ပေါ့နော်။

ပထမဦးဆုံး သူ့ဆိုင်လေးက Decoration က အစ aesthetic ဖြစ်တာကြောင့် လူကြီး လူငယ် မရွေး သဘောကျမယ့် ဆိုင်လေးဆိုတာတော့ အသေအချာပါပဲ။ နောက်ပြီး စားသောက်ဆိုင်ထဲမှာ သက်သတ်လွတ် frozen foodတွေအပြင် Local products , skincare အစရှိတဲ့ပစ္စည်းလေးတွေ ဝယ်လို့ရအောင်လည်း လုပ်ပေးထားပါတယ်။

အပေါ်ထပ်မှာဆိုရင်လည်း Bliss Beauty Bar ဆိုပြီးရှိတာမို့လို့ Facial treatment , Body massage ,Manicure,Pedicure ,Shampoo အစရှိတဲ့ ဝန်ဆောင်မှုတွေကိုပါ ပြုလုပ်နိုင်တယ်နော်။ အရေးကြီးတဲ့ အချက်လေးကတော့ ဒီမှာ သုံးထားတဲ့ ပစ္စည်းတွေက အကုန် Cruelty Freeတွေ ဖြစ်တယ်ဆိုတာပါပဲ။

နောက်တစ်ခုက ဆိုင်မှာ event တွေဘာတွေ လုပ်ချင်တဲ့ သူတွေအတွက်လည်း အခန်းလေးတွေ စီစဉ်ပေးသေးတယ်တဲ့နော်။ ဆိုင်မှာ ရှိတဲ့ ဝန်ထမ်း အစ်ကို အစ်မတွေ အကုန်လုံး အရမ်းကို ဖော်ရွေတာကလည်း admin ကြိုက်တဲ့ အချက်တွေထဲက တစ်ခုပေါ့။ကားပါကင်လည်း ကျယ်ကျယ်ဝန်းဝန်း ရှိတာကြောင့် အေးအေးဆေးဆေး မိသားစုနဲ့ပဲ ဖြစ်ဖြစ် သူငယ်ချင်းနဲ့ ဖြစ်ဖြစ် စားချင်တဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေတဲ့ ဆိုင်လေးဖြစ်ပါတယ်။ ကဲ… အရသာကို ပြောရမယ်ဆိုရင်တော့ admin တို့က အားလုံးပေါင်း 7 မျိုး စားခဲ့ပါတယ်။

သက်သတ်လွတ် အစားအသောက်တွေဆိုတော့ အစက နည်းနည်းပေါ့ရွှတ်ရွှတ်ဖြစ်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း စားကြည့်တော့မှ အစားအသောက်တွေအကုန်လုံးက မှန်းထားတာထက်ကို အရသာရှိနေလို့ အသီးအရွက် သိပ်မစားတဲ့ admin တောင်အများကြီး စားဖြစ်သွားတဲ့ အထိပါပဲ ။သူ့ဆီမှာက အနောက်တိုင်း အစားအစာတွေအပြင် မြန်မာ အစားအသောက်တွေပါရှိတာနော်။

သက်သတ်လွတ်စားတဲ့သူတွေသာမက dietလုပ်နေတဲ့သူတွေအတွက်ပါ အဆင်ပြေတဲ့ Menu လေးတွေ ရှိတာကြောင့် admin ကတော့ သွားဖြစ်အောင် သွားကြည့်ကြဖို့လည်း အကြံပေးချင်ပါတယ်။ ဆိုင်အထိသွားမစားနိုင်တဲ့သူတွေအတွက်လည်း Foodpanda,Grab Food အစရှိတဲ့ Delivery service တွေနဲ့ ချိတ်ထားမို့လို့ Nourish Cafe လို့ ရှာပြီး စားချင်တာတွေကို မှာစားလို့ ရတယ်နော်။

Nourish Cafe Yangon · 34 Inya Myaing Rd, Yangon, Myanmar (Birma)
★★★★★ · Veganistisch restaurant

Read more

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

မန်စီးတီးအသင်းကြယ်ပွင့်နဲ့ Ballon d'Or ဆုရှင် ရိုဒရီဟာ ဒူး(ACL)ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပြ

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

စပါး - Bodo/Glimt (ယူရိုပါလိဂ်ဆီမီးဖိုင်နယ်) (2 May 2025/ 1:30 am) စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေ

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီ