AI အတွက်ဒေါ်လာ ၁၀ ဘီလီယံရင်းနှီးမြှုပ်နှံမည့် Amazon

Amazon သည် AI နှင့် cloud computing နည်းပညာများကို အထောက်ကူဖြစ်စေမည့် ဒေတာစင်တာအဆောက်အဦးကိုတိုးချဲ့ရန်မြောက်ကယ်ရိုလိုင်းနားတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင်ကြေညာခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုတွင် ကျွမ်းကျင်လုပ်သား 500 ကျော်အတွက် အလုပ်အကိုင်များဖန်တီးပေးပြီး Amazon Web Services ဒေတာစင်တာတွင်လည်းဝန်ထမ်းအင်အားထောင်ဂဏန်းထိ အလုပ်အကိုင်ရရှိမယ်လို့လဲပြောကြားခဲ့ပါတယ်။
အလုပ်အကိုင်များသည် ဒေတာစင်တာအတွက်အင်ဂျင်နီယာများ၊ networkကျွမ်းကျင်သူများနှင့်လုံခြုံရေးဝန်ထမ်းများအတွက်အခွင့်အရေးပိုများမည်လို့သိရပါသည်။
Seattle အခြေစိုက် Amazon သည် မြောက်ကာရိုလိုင်းနားတွင် ဒေါ်လာ ၁၂ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံခဲ့ပြီး 2010 ခုနှစ်မှစတင်ကာ ပြည်နယ်အတွက်အချိန်ပြည့်နှင့် အချိန်ပိုင်းအလုပ်ပေါင်း 24,000 နှင့် အခြားသောလုပ်သားနေရာ 26,000 ကျော်တို့အတွက်အလုပ်အကိုင်များဖန်တီးပေးနိုင်ခဲ့သည်။
“ယခုရင်းနှီးမြုပ်နှံမှုသည်မြောက်ကာရိုလိုင်းနားတွင်ခေတ်မီနည်းပညာအတွက်အချက်အချာကျတဲ့ နေရာတစ်ခုအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး ရာနဲ့ချီသောအလုပ်အကိုင်သစ်တွေကို ဖန်တီးပေးကာသိသာထင်ရှားတဲ့ တိုးတက်မှုကိုမြင်တွေ့ရမှာပါ” ဟု Amazon ၏ကမ္ဘာလုံးဆိုင်ရာနှင့်ဥပဒေအရာရှိချုပ် David Zapolsky က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ ကြေငြာချက်၏ တစ်စိတ်တစ်ပိုင်းတွင် Amazon သည် မြောက်ကာရိုလိုင်းနားရှိ ကောလိပ်များ၊ နည်းပညာကျောင်းများ၊ တက္ကသိုလ်များ၊လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ခြင်းနှင့်လေ့ကျင့်ရေးပရိုဂရမ်များ အပါအဝင်အလုပ်အကိုင်ရှာဖွေသူများအတွက်လည်း လိုအပ်သည်များကိုပံ့ပိုးပေးသွားမယ်လို့ကြေငြာခဲ့ပါသေးသည်။
ကုမ္ပဏီသည် STEM ပညာရေး၊ ရေရှည်တည်တံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လုပ်သားအင်အားဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသတွင်းကျန်းမာရေးအတွက်ပံ့ပိုးပေးနေသည့် Amazon Richmond County Community Fund ကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်သည်။