AI ကြောင့် ဝန်ထမ်းတွေ အလုပ်အကိုင်ပိုများလာမယ်လို့ဆိုတဲ့ Google CEO

AI ကြောင့် ဝန်ထမ်းတွေ အလုပ်အကိုင်ပိုများလာမယ်လို့ဆိုတဲ့ Google CEO

AI နည်းပညာတိုးတက်ကျယ်ပြန့်လာတာနဲ့အမျှ ထိပ်တန်းကုမ္ပဏီအများစုဟာ AI ကို အသုံးချပြီး ဝန်ထမ်းလျော့ပေါ့ရေးတွေပါ လုပ်ဆောင်လာကြတာပါ။

ဒါပေမဲ့ Google CEO Sundar Pichai ကတော့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ AI ကြောင့် အလုပ်အကိုင်အခွင့်အရေးတွေ ဆုံးရှုံးမယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပယ်ချခဲ့ပြီး 2025 အတွင်းမှာပဲ ဝန်ထမ်းတွေဟာ AI ကြောင့်ပဲ အလုပ်အကိုင်အရေအတွက်တွေ တိုးလာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

Google CEO အနေနဲ့ ဒီလိုပြောလာတာ နည်းနည်းတော့ အံ့ဩဖို့ကောင်းတယ်ဆိုရမယ်။ ဘာလို့ဆို ပြီးခဲ့တဲ့မေလကပဲ AI ကြောင့် အလုပ်သမား 200 ကျော်ကို အလုပ်ထုတ်ခဲ့တာမို့ပါ။ အလုပ်သမားလျှော့ချမှုရဲ့ အဓိကအကြောင်းအရင်းကတော့ AI တိုးတက်ဖွံ့ဖြိုးမှုနဲ့ AI အစားထိုးဆောင်ရွက်မှုတွေကြောင့်ပါ။ 

Sundar Pichai အနေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာကတော့ “AI ဟာ ပျင်းရိပြီး နှေးကွေးတဲ့အလုပ်တွေကို ဖယ်ရှားပေးပြီး အရေးကြီးတဲ့အလုပ်တွေကို အာရုံစိုက်နိုင်အောင် အင်ဂျင်နီယာတွေကို ကူညီပေးနေတာပါ။ ဒါကြောင့် ကျွန်တော်တို့ AI ကို အလုပ်သမားအစားထိုးတဲ့ပုံစံမဟုတ်ဘဲ တီထွင်မှုကို မြန်ဆန်စေတဲ့ အကောင်းဆုံးအကူအညီတစ်ခုလို့ မြင်ပါတယ်” လို့ ဆိုပါတယ်။  

နောက်ပြီး AI ကြောင့် white-collar job (ရုံးအလုပ်တွေ) 50% လောက်က 3 နှစ်နဲ့ 5 နှစ်အတွင်း ပျောက်သွားနိုင်တယ်ဆိုတဲ့ Anthropic CEO Dario Amodei ရဲ့ အဆိုကိုတော့ ကန့်ကွက်ခြင်းမရှိဘဲ “အဲဒီလို စိုးရိမ်မှုတွေပြောတာကလည်း အရေးကြီးပါတယ်။ ထိထိရောက်ရောက် ဆွေးနွေးဖို့လိုပါတယ်” လို့လည်း ထပ်မံပြောခဲ့ပါတယ်။ 

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်