Columbia University မှ အသက် 21 နှစ်အရွယ် coding ပညာရှင် Chungin "Roy" Lee သည် coding ပိုင်းနှင့်သက်ဆိုင်သော interview ဖြေမည့်သူများကို အဖြေများထုတ်ပေးနိုင်သည့် AI စွမ်းရည်သုံး Interview Coder တစ်ခုကို ဖန်တီးခဲ့သည်။ CNBC အဆိုအရ Amazon, Meta, TikTok တို့က အလုပ်အကိုင်ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း Lee ကလက်ခံခဲ့ချင်းမရှိပေ။
Interview တွင် ဖြေဆိုထားသောအဖြေများကို recruiters များဘက်မှကြိုက်နှစ်သက်သော်လည်း ဖြေဆိုသူများ၏လူတွေ့ပြောဆိုဖြေကြားစဉ်ပုံစံများနှကွဲပြားသဖြင့် recruiters များကစိတ်ပျက်လျှက်ရှိသည်။အဆိုပါအကြောင်းအရာများပေါ်ပေါက်လာပြီးနောက်
Google နှင့် Amazon ကဲ့သို့သောကုမ္ပဏီများသည်လူကိုယ်တိုင်အင်တာဗျူးမည့်နေရာဆီသို့ လာရောက်ဖြေဆိုရန်နှင့်ထိုကဲ့သို့ကိစ္စများမရှိစေရန် လိုအပ်သောကိစ္စရပ်များကိုပါထည့်သွင်းစဉ်းစားလာကြသည်။
Interview Coder သည်တစ်လ $60 နှုန်းဖြင့် ဝန်ဆောင်မှုပေးနေပြီး မေလတွင် $1 မီလီယံအထိ ဝင်ငွေရရှိနိုင်မည်ဟုခန့်မှန်းထားသည်။ အငြင်းပွားမှုများ ကြီးထွားလာသည်နှင့်အမျှ Lee သည် San Francisco သို့ပြောင်းရွေ့ကာ သူ့လုပ်ငန်းကိုချဲထွင်ရန်ကြိုးပမ်းလျှက်ရှိပြီး ၎င်းက Big Tech (သန်းချီသည့် နည်းပညာကုမ္ပဏီများ) တွင် အလုပ်လုပ်လိုခြင်းမဟုတ်ပဲ စနစ်ကိုသာစိန်ခေါ်လိုခြင်းဖြစ်သည်ဟုလဲပြောဆိုသူများရှိလာကြသည်။
Discussion