AI မော်ဒယ်အသစ်ဖန်တီးဖို့ Google Gemini ကို သုံးခဲ့တဲ့ DeepSeek
မကြာသေးခင်ကပဲ DeepSeek ကနေ သင်္ချာနဲ့ Coding ပိုင်းတွေအတွက် အတော်လေးအဆင့်မြှင့်ထားတဲ့ R1 Reasoning AI မော်ဒယ်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမော်ဒယ်ကို ဘယ်လိုမျိုးဖန်တီးထားလဲဆိုတာကိုတော့ DeepSeek ကနေ မဖော်ပြခဲ့ပါဘူး။ ဒါကြောင့်ပဲ အချို့သော AI သုတေသနလုပ်သူတွေက Google gemini မော်ဒယ်အချို့ကို သုံးထားကြောင်း ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။
မယ်လ်ဘုန်းမြို့အခြေစိုက် developer တစ်ဦးဖြစ်တဲ့ Sam Paech က AI နဲ့ပတ်သက်ပြီး Emotionally ပိုင်းမှာ စမ်းသပ်ဖန််တီးသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အဆိုအရ DeepSeek ရဲ့ R1-0528 မော်ဒယ်ဟာဆိုရင် Gemini 2.5 Pro မှာ အသုံးပြုတဲ့ စကားလုံး အသုံးအနှုံးတွေကို နှစ်သက်ဟန်ရှိတယ်လို့ ဖော်ပြဖူးပါတယ်။
နောက်ထပ် SpeechMap လို့ခေါ်တဲ့ AI သုတေသနတစ်ဦးကလည်း DeepSeek မော်ဒယ်ရဲ့ စဉ်းစားမှုအဆင့်တွေအဖြစ် generate လုပ်တဲ့ အကြောင်းအရာတွေဟာဆိုရင် Google Gemini မော်ဒယ်နဲ့ အတော်လေးတူညီမှုရှိတယ်" လို့ ပြောကြားခဲ့ပါသေးတယ်။
DeepSeek ကို ယခင်ကလည်း ပြိုင်ဘက် AI မော်ဒယ်တွေထဲက ဒေတာတွေကို အသုံးပြုပြီး သင်ကြားတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း DeepSeek ရဲ့ V3 မော်ဒယ်က ChatGPT လို့ သူ့ကိုယ်သူခေါ်တာမျိုးတွေနဲ့ OpenAI developer account တွေကနေ ဒေတာအကြီးအကျယ် ယူခိုးခံရတာကို တွေ့ရှိခဲ့ပါသေးတယ်။
တရုတ်ကြီးတို့ကတော့ တရုတ်ကြီးတို့ပါပဲ။ DeepSeek က Gemini output တွေသုံးပြီး မော်ဒယ်သစ် R1-0528 ကို သင်ကြားထားတာမျိုးဖြစ်နေရင်တော့ တော်တော်လေး sketchy တယ်။ တခြား AI မော်ဒယ်တွေကနေ ခိုးသုံးတာမျိုးဟာ တီထွင်ခြင်းမဟုတ်ပဲ၊ shortcut ယူတာပဲဖြစ်ပြီး ယှဉ်ပြိုင်မှုမှာ မသမာတဲ့နည်းပညာသဘောထားကို ပြသနေတယ်လို့ပဲ ဆိုရမှာပါ။