ယနေ့တွင် Google သည် AI Overviews ကို US တွင် Gemini 2.0 ဖြင့်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။coding၊ အဆင့်မြင့်သင်္ချာ၊ နှင့် multimodal queries တို့နှင့် ပတ်သက်ပြီးခက်ခဲသောမေးခွန်းများကို ကူညီပေးမည်ဖြစ်ပြီး တိကျသောအချက်အလက် နှင့်ထိရောက်သောအဖြေများကိုရှာဖွေပေးမည်ဟုဆိုထားသည်။

အနည်းဆုံး လူတစ်ဘီလီယံကျော်က AI Overviews ကိုအသုံးပြုနေသော်လည်း"အသုံးပြုသူများ" အနေဖြင့်ရွေးချယ်ခွင့်အလွန်နည်းပါးခဲ့သည်။သတင်းကောင်းအနေနဲ့ AI Overviews သည်ယခုအခါဆယ်ကျော်သက်များနှင့်Googleအကောင့်မဝင်ရသေးသောသူများအထိ ရည်ရွယ်ထားပြီးပိုမိုလွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ယခုအချိန်တွင်AI ​၏ကူညီထောက်ပံ့မှုမှာလုံလောက်စွာမရှိသေးဟု Google ကထင်မြင်ပြီးစမ်းသပ်မှုတစ်ခုအဖြစ် AI Mode ကို Search Labs မှာစတင်အသုံးပြုခွင့်ပြုလိုက်ပြီပဲဖြစ်ပါသည်။

AI Overviews မှ "ပိုမိုအဆင့်မြင့်သောတိကျမှု၊ တွေးခေါ်မှုနှင့်ဘက်စုံသုံးစွမ်းရည်များ" ဖြင့်အသေးစိတ်ပြုလုပ်ပေးထားပြီးအခြေခံအားဖြင့် လတ်တလော AI hype buzzwords အားလုံးကို အကျုံးဝင်ပါသည်။

AI Mode သည် Gemini 2.0 ၏ အကောင်းဆုံး versionကိုအသုံးပြုထားပြီး လေ့လာမှု၊ နှိုင်းယှဉ်မှုနှင့် ကျိုးကြောင်းဆင်ခြင်မှုစသည်များကိုမြှင့်တင်ထားသည့်အတွက် မေးခွန်းများ​၏အဖြေများကိုလက်တွေ့ကျကျအဖြေပေးနိုင်လိမ့်မည်ဖြစ်သည်။

အဓိကတိုးတက်မှုအနေနဲ့ "ယခင်က ရှာဖွေမှုများစွာထဲမှထူးထူးခြားခြားမေးခွန်းများ" အတွက်ဖြစ်ပြီးပိုမိုတိကျလိုပါက အကြိမ်ပေါင်းများစွာ ရှာဖွေမှုများနှင့်အတူအဖြေထုတ်ပေးသွားမည်ဟုဆိုထားသည်။

Web ပေါ်မှရသည့်အကြောင်းအရာနှင့်အချက်အလက်များအပေါ် အခြေခံ၍တိတိကျကျ အဖြေထုတ်နိုင်ရန်အတွက် လိုအပ်မှုများရှိလာပါကလဲနောက်စမ်းသပ်မှုအဆင့်များမှာပြင်ဆင်ပြီးဖြေရှင်းပေးနိုင်လိမ့်မည်ဟုဆိုထားသည်။