AI ဖွံ့ဖြိုးရေးအတွက် Google ဝန်ထမ်း ၂၀၀ ကျော် အလုပ်မဲ့ဖြစ်ဦးမယ်

AI ဖွံ့ဖြိုးရေးအတွက် Google ဝန်ထမ်း ၂၀၀ ကျော် အလုပ်မဲ့ဖြစ်ဦးမယ်

ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေ အလုပ်သမားလျှော့ချရေးတွေ လုပ်ကြပြီဆို။ ဘာကြောင့်လဲ သိပ်တွေးစရာတော့မလိုဘူး။ AI ကြောင့်ပဲ အဓိကဖြစ်နေပြီး။ အဲ့လို AI ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြီး အလုပ်သမားလျှော့ချရေးတွေလုပ်လာတဲ့ ကုမ္ပဏီတွေထဲမှာ Google က ထိပ်ဆုံးကလို့တောင် ပြောလို့ရနေပြီ။ 

2023 ခုနှစ်တုန်းက အလုပ်သမား 12,000 ကျော် အလုပ်ဖြုတ်ခဲ့ပြီးနောက်ပိုင်း ခဏခဏဆိုသလို အလုပ်သမားလျှော့ချရေးတွေ လုပ်ဆောင်လာတာပါ။ အခုဆို တစ်လထဲမှာတင် ဒုတိယအကြိမ်မြောက် အလုပ်သမားလျှော့ချမှုလို့ ဆိုထားကြပါတယ်။ 

ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Google ရုံးခွဲတွေရဲ့ အရေးမကြီးတဲ့ဌာနတွေက အလုပ်သမား ၂၀၀ ကျော် လျှော့ချသွားမှာပါ။ အရင်လတွေတုန်းကတော့ Android, Chrome, Pixel တို့ရဲ့ ဌာနတွေက အလုပ်သမားအချို့ကို ဖြုတ်ချခဲ့တာပါ။ 

Google ဟာ  AI ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေတာစင်တာတွေဆောက်လုပ်ရေးတွေမှာ အားစိုက်လာတာဖြစ်ပြီး အရေးမကြီးတဲ့ဌာနတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လျှော့ချလာတာပဲဖြစ်ပါတယ်။ Google အနေနဲ့ ဖောက်သည်ဝန်ဆောင်မှုတွေကို မြန်ဆန်စေဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အနည်းငယ်ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာဖြစ်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။ 

ဒီလို အလုပ်သမားလျှော့ချမှုတွေဖြစ်လာတဲ့ အဓိကအကြောင်းအရင်းကတော့ AI တိုးတက်ဖွံ့ဖြိုူမှုနဲ့ AI အစားထိုးဆောင်ရွက်မှုတွေကြောင့်ပါ။ နောက်ပြီး အလုပ်သမားလျှော့ချနေတာကတော့ Google တစ်ခုတည်းမဟုတ်ပါဘူး... Meta, Microsoft, Amazon နဲ့ အခြားထိပ်တန်းနည်းပညာကုမ္ပဏီတော်တော်များများလည်း အပါအဝင်ဖြစ်ပါတယ်။ 

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ