ကျွန်တော်/ ကျွန်မကတော့ ကုမ္ပဏီအတွက် တစ်နှစ်တာလုံး ဘယ်လိုစွမ်းစွမ်းတမံ ကြိုးစားပေးခဲ့ပါတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုချီးမွမ်းစာ (တစ်နည်းအားဖြင့် Performance Review) ကို AI ကိုပါ ရေးခိုင်းနေကြပါပြီ။
(Performance review ဆိုတာက တစ်နှစ်ကုန်တိုင်း ကိုယ်အောင်မြင်ခဲ့တဲ့ ပရောဂျက်တွေ အကြောင်း၊ ဘယ်လိုရလဒ်တွေ ထွက်ခဲ့လဲဆိုတာ၊ ဘယ်လိုပရောဂျက်တွေ ဦးဆောင်ခဲ့ရတယ်ဆိုတာ ကိုယ်တိုင်အကဲဖြတ်ပြီး တင်ပြရတဲ့ စာတမ်းမျိုးပါ။ )
ဘယ်သူတွေလဲဆိုရင်တော့ Meta က ဝန်ထမ်းတွေပါ။ ဘယ် AI ကို ရေးခိုင်းတာလဲဆိုတော့ Meta လက်အောက်က Metamate AI Chatbot ကိုပါ။
Meta ရဲ့ AI lab မှာ အလုပ်လုပ်တဲ့ Joseph Spisak ဆိုသူက Metamate ကို သုံးပြီး ကိုယ့်အလုပ်စာတမ်းတွေထဲက accomplishments တွေကို AI က အကျဉ်းချုပ်ပေးတာကြောင့် review ရေးရာမှာ အချိန်ကုန်သက်သာတယ်၊ လုပ်ရတာလည်း လွယ်သွားတယ်လို့ ဆိုပါတယ်။
အခြားဝန်ထမ်းတစ်ဦးကတော့ “Metamate ဟာ အသုံးဝင်ပေမဲ့ ကိုယ်လုပ်တဲ့ project အကြောင်းအရာကို နားလည်နိုင်စွမ်းအားနည်းတာကြောင့် လိုချင်တဲ့ရလဒ်မျိုး သိပ်မထွက်တဲ့အပြင် တစ်ခါတစ်လေမှာ project အကြောင်းအရာတွေက အရမ်းရှုပ်ထွေးခဲ့ရင် မသက်ဆိုင်တဲ့ အဖြေမျိုးတွေ ထုတ်ပေးတာမျိုးတောင်ရှိတယ်လို့ ဆိုပါတယ်။
ဝန်ထမ်းတွေအနေနဲ့ နှစ်ကုန်ပိုင်းမှာ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို အသေးစိတ်ပြန်ခြုံပြီး စာတွေအများကြီး ရေးရတာဟာ အချိန်ကုန်ပြီး စိတ်ပင်ပန်းရတဲ့ အလုပ်ပါ။ Metamate က ဝန်ထမ်းရဲ့ မှတ်တမ်းအားလုံးကို တစ်နေရာတည်းကနေ ဆွဲထုတ်ပြီး အကျဉ်းချုပ်တစ်ခုအဖြစ် လုပ်ပေးတာက အချိန်ကုန်သက်သာစေပြီး အလုပ်ကို ပိုမိုမြန်ဆန်စေပါတယ်။
တစ်ဖက်မှာလည်း လိုချင်တဲ့ရလဒ်တွေ မပေးနိုင်တာမျိုးက Metamate ဟာ ChatGPT လောက် Performance ကောင်းကောင်းမထုတ်နိုင်တာကို သိသာနေပါတယ်။ AI ကို သုံးရင် အမြန်ဆန်ဆုံးဖြစ်မယ်၊ ဒါပေမဲ့ တိကျမှန်ကန်တဲ့ သုံးသပ်ချက်ဖြစ်ဖို့ကတော့ လူသားတွေရဲ့ အကူအညီနဲ့ ဆုံးဖြတ်နိုင်စွမ်းကိုတေ့ မဖြစ်မနေ လိုအပ်နေဦးမှာပါပဲ။
AI သုံးပြီး ကိုယ့်ကိုယ်ကို ချီးမွမ်းစာတွေ ရေးခဲ့ကြတဲ့ Meta ဝန်ထမ်းတွေ
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion