AIA Myanmar က မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော International Finance ဆုများကို ရရှိ

AIA Myanmar က မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော International Finance ဆုများကို ရရှိ

AIA Myanmar သည် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်း တစ်ခုဖြစ်သည့် International Finance Magazine (IFM) ၏ အာမခံကဏ္ဍအတွက်ပေးအပ်သော “Most Innovative Marketing Campaign – Insurance” ဆု နှင့် “The Best Green Initiative” ဆုတို့ကို ရရှိခဲ့ပြီး အာမခံဈေးကွက်ချဲ့ထွင်ရာတွင်ဆန်းသစ်၍ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော နည်းလမ်းများဖြင့် အကောင်းဆုံး ထိုးဖောက်နိုင်ခဲ့သည့် အာမခံလုပ်ငန်းတစ်ခုအဖြစ် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် အသိအမှတ်ပြု ခံရသည့် အာမခံလုပ်ငန်းဖြစ်လာသည်။

အကဲဖြတ်အဖွဲ့၏ အသိအမှတ်ပြုခြင်းခံခဲ့ရသော ထင်ရှားသည့် လှုပ်ရှားမှုများတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ရောစပ်၍ အနုပညာလက်ရာမြောက်စွာ ဒီဇိုင်းဖန်တီးထားသော အခန်း (၅) ခန်းပါဝင်ပြီး ဧည့်သည်ပေါင်း ၂,၀၀၀ ခန့်ကို ဆွဲဆောင်နိုင်ခဲ့သော AIA Myanmar ၏ ထူးခြားဆန်းသစ်သည့် ဖွင့်ပွဲအခမ်းအနား “UN”ရန်ကုန်၏ နှလုံးသားတည်ရာ မြို့လယ်ခေါင်တွင် တည်ရှိ၍ လေ့လာသင်ယူမှု၊ လူမှုအသိုက်အဝန်း၊ မတူကွဲပြားမှုနှင့် အနုပညာတို့ကို မြေတောင်မြှောက်အားပေး လျက်ရှိသော အနုပညာလက်ရာမြောက်စွာ ဖန်တီးထားသည့် AIA Khit Member Center ၊ ဒေသတွင်း NGO အဖွဲ့အစည်းတစ်ခု နှင့် မြန်မာ ပန်းချီအနုပညာရှင်တို့နှင့် ပေါင်းစည်းကာ AIA မှ ဖန်တီးထားသော ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်စေမည့် Healthier, Longer, Better Lives နောက်ဖေးလမ်းကြားဥယျာဥ်၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် ဗဟိုချက်ဖြစ်သည့် ပုဂံဒေသ၏ တုရင်တောင်ခြေတွင် အိမ်ခြေ ၁၀၀ ကို ဆိုလာပြား ၁၀၀ လှူဒါန်းနိုင်ခဲ့ပြီး ပြိုင်ပွဲဝင် ၂၀၀ ကျော် ပါဝင်ခဲ့သည့် AIA GO FOR LIGHT! 5KM ပြေးပွဲ၊ ပလတ်စတစ် အသုံးပြုမှု လျှော့ချရေးကို ရေရှည် လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည့် ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ပြုလုပ်ခဲ့သော လူထုအကျိုးပြု လှုပ်ရှားမှု တစ်ခုဖြစ်သည့် အဝတ်အိတ် လှူဒါန်းမှု စသည်တို့ ပါဝင်သည်။

ယူကေ အခြေစိုက် ထိပ်တန်း စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ဝေမှု ဖြစ်သည့် IFM သည် ၂၀၁၃ ခုနှစ်မှ စတင်၍ အရှေ့အလယ်ပိုင်း၊ အာရှ၊ ဥရောပနှင့် အာဖရိကတို့မှ အာမခံ လုပ်ငန်းများအတွက် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်း၊ စီးပွားစီမံခန့်ခွဲခြင်းနှင့် အာမခံ စသည့် နယ်ပယ် အသီးသီးအတွက် ဆုများကို နှစ်စဉ် ပေးအပ်လျက်ရှိသည်။

“ကျွန်တော်တို့ ဆောင်ရွက်ခဲ့သမျှ လှုပ်ရှားမှုတွေထဲမှာ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အနုသုခုမ လက်ရာတွေ၊ ယဉ်ကျေးမှုတွေနဲ့ လူထုတို့ ပေါင်းစည်း ပါဝင်ခြင်းရဲ့ ပြယုဂ်အဖြစ် ဒီဆုတွေကို လက်ခံရတာ အင်မတန် ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူတွေ‌ကြောင့်ရရှိခဲ့တဲ့ အောင်မြင်မှုပါပဲ။” ဟု AIA Myanmar ၏ CEO ဖြစ်သူ Mr. Luc Ly က ဆိုသည်။ “ကျွန်တော်တို့ရဲ့  “ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်နိုင်ရန်” ဆိုတဲ့ ရည်မှန်းချက်ကို မျှဝေဖို့ ကျွန်တော်တို့ဟာ မြန်မာြပည်သူအများနဲ့ စိမ်းနေသေးတဲ့ အသက်အာမခံရဲ့ အကျိုးကျေးဇူးတွေအကြောင်းကို  ပြည်သူလူထုကို မျှဝေမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလို မိတ်ဆက်ပေးတဲ့နေရာမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကျိုးရှိစေဖို့ ထူးခြားလှပတဲ့ မြန်မာ့ အနုပညာလက်ရာတွေ၊ မြန့်မာ့ ယဉ်ကျေးမှုတွေကို အခြေတည်ကာ ပြည်သူလူထုနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်မယ့် မြောက်များလှစွာသော ပွဲအခမ်းအနားတွေ၊ လှုပ်ရှားမှုတွေမှာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။” ဟုလည်း ၎င်းက ဆိုသည်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ