အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်
(ပထမအကျော့)

ဘာစီလိုနာ (၃-၃)အင်တာမီလန်

ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)က ဒီနှစ်သင်းလွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်က နောက်ဆုံးတွေ့ဆုံခဲ့တဲ့ရလဒ်အတိုင်း(၃-၃)ဂိုးနဲ့ သရေကျခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းနူးကမ့်မှာ အင်တာမီလန်အသင်းက ဦးဆောင်ဂိုးတွေ သွင်းခဲ့ပြီး အိမ်ရှင်အသင်းက နောက်ကလိုက်ချေပခဲ့ရသလို၊ ဒီပွဲမှာလည်း ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ Olimpic Lluis Companys ကွင်းမှာ အင်တာမီလန်အသင်းက ဦးဆောင်ဂိုးတွေသွင်းခဲ့ပြီး ဘာစီလိုနာအသင်းက နောက်ကလိုက်ချေပခဲ့ရတာပါ။

ဒီနှစ်သင်းရဲ့ဂိုးသွင်းခွင့်တွေနှိုင်းယှဉ်လိုက်ရင်တော့ အင်တာမီလန်ထက် ဘာစီလိုနာအသင်းက အခွင့်အရေးတွေ (၃)ဆလောက် ပိုရခဲ့ပြီး ကန်သွင်းသလောက် ဂိုးမဖြစ်ခဲ့တာပါ။ တောင်ပံကစားသမားလာမင်းယာမားလ်ရဲ့ ကန်သွင်းမှု(၆)ကြိမ်လောက်မှာ ဂိုးဘားတိုင်ကို (၂)ကြိမ်ထိခဲ့ပြီး (၁)ဂိုးသာရခဲ့တာကလည်း ဘာစီလိုနာအတွက် နစ်နာစရာတွေ ဖြစ်ခဲ့ရပါတယ်။

အင်တာမီလန်အတွက် ပွဲအစ(၁)မိနစ်မှာပဲ သူရမ်က နောက်ပေါက်နဲ့ လှလှပပသွင်းယူခဲ့ပါတယ်။ ပွဲချိန်(၂၁)မိနစ်မှာ ဒတ်ချ်ညာတောင်ပံကစားသမားဒမ်ဖရီးစ်က ဂိုးရှေ့ကနေ ပက်ကန်ပြီး အင်တာမီလန်အတွက် ဒုတိယဦးဆောင်ဂိုးရယူခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက် တစ်ပွဲလုံးတိုက်စစ်ကိုဦးဆောင်ပြီး ခြေစွမ်းပြခဲ့တဲ့ ယာမားလ်က ပွဲချိန်(၂၄)မိနစ်မှာ အင်တာမီလန်ကစားသမားတွေကို လိမ်ခေါက်ပြီး ပထမချေပဂိုးရယူခဲ့ပါတယ်။ အသက်(၁၇)နှစ် (၉)လ (၁၃)ရက်ရှိပြီဖြစ်တဲ့ ယာမားလ်အတွက် ဒါက စံချိန်တစ်ခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဂိုးသွင်းယူနိုင်တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ပွဲချိန် (၃၈)မိနစ်မှာ ဘာစီလိုနာအတွက် ဖယ်ရန်တောရက်စ်က ဒုတိယချေပဂိုးသွင်းခဲ့တာကြောင့် ပထမပိုင်းမှာတင် (၂-၂)ဂိုးနဲ့သရေကျခဲ့ကြပါတယ်။ ဒုတိယပိုင်းပွဲချိန်(၆၃)မိနစ်မှာ ဒမ်ဖရီးစ်က ခေါင်းခုန်တိုက်ရာမှာ ဘောလုံးက ပုခုံးနဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ အင်တာမီလန်က ပြန်ဦးဆောင်ခဲ့ပါတယ်။

နောက်(၂)မိနစ်အကြာမှာ ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာရဲ့အဝေးကန်ချက်က ဂိုးဘားတန်းကို ထိပြီးပြန်အကျ အင်တာမီလန်ဂိုးသမားဆွန်းမားရဲ့နောက်ကျောနဲ့ထိပြီး ဂိုးထဲဝင်သွားတာကြောင့် ဘာစီလိုနာအသင်းချေပဂိုးရခဲ့ပါတယ်။

ပွဲချိန်(၇၆)မိနစ်မှာ အင်တာမီလန်ဦးဆောင်ဂိုးထပ်ရခဲ့ပေမယ့် Semi-automated offside technology ရဲ့လူကျွံဘောပုံရိပ်မှာ မစ်ခီတာရီယန် ခြေဖျားကလေး ကျွံနေလို့ ဘာစီလိုနာ ကံကောင်းသွားခဲ့တာပါ။

အင်တာမီလန်အသင်းနဲ့ ဘာစီလိုနာတို့ရဲ့ ဒုတိယအကျော့ပွဲကို လာမယ့် မေ(၆)ရက်နေ့မှာ မီလန်မြို့က ဆန်စီရိုကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။

Read more

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

နာမည်ကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ မက်ဆီတို့အနေနဲ့ မိမိတို့ရဲ့အသင်းတွေနဲ့အတူ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကြီးအလိုက်ကလပ်အသင်းပြိုင်ပွဲတွေမှာ တူညီတဲ့ကံ

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ (၃-၃)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့)ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

Donald Trump ၏ဒုတိယသက်တမ်းစတင်ချိန်မှစ၍ Elon Musk ၏အသားတင်ပိုင်ဆိုင်မှုသည်ဒေါ်လာ 113 ဘီလီယံ သို့မဟုတ် 25% ခန့်ကျဆင်းသွားခဲ့သည်။ Tesla ၏ရှယ်ယာများသည် EV ရောင်းအားနည်းခြင်