ဒီဘရိုင်းနားရဲ့ အီတီဟတ်ဒ်3နောက်ဆုံးနှုတ်ဆက်ပွဲနဲ့ ယူရိုပါလိဂ်ဝင်ခွင့်သေချာသွားတဲ့ မန်စီးတီး

ဒီဘရိုင်းနားရဲ့ အီတီဟတ်ဒ်3နောက်ဆုံးနှုတ်ဆက်ပွဲနဲ့ ယူရိုပါလိဂ်ဝင်ခွင့်သေချာသွားတဲ့ မန်စီးတီး

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)မှာ မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲက ဒီရာသီမှာ မန်စီးတီးအသင်းရဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းကနေ ရာသီကုန်ရင်ထွက်ခွာတော့မယ့် ဘယ်လ်ဂျီယံကွင်းလယ်လူဒီဘရိုင်းနားအတွက်လည်း မန်စီးတီးအသင်းအိမ်ကွင်းမှာပရိသတ်နဲ့ နောက်ဆုံးတွေ့ဆုံတဲ့ပွဲဖြစ်ခဲ့ပြီး ဒီပွဲမှာ ပရိသတ်ကို နှုတ်ဆက်တဲ့အခမ်းအနားကျင်းပခဲ့ပါတယ်။

မိသားစုနဲ့အတူ ကွင်းထဲဝင်လာတဲ့ ဒီဘရိုင်းနားကို တစ်ကွင်းလုံးက မီးရှုူးမီးပန်းတွေနဲ့အတူ ကြိုဆိုခဲ့ကြပြီး မန်စီးတီးအသင်းဖော်တွေကလည်း သူ့ကို ဝိုင်းဝန်းပစ်မြှောက်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီဘရိုင်းနားကို နှုတ်ဆက်နေတဲ့ နည်းပြဂွါဒီယိုလာရဲ့မျက်လုံးတွေမှာလည်း မျက်ရည်တွေ ရစ်ဝဲနေတာကို တွေ့ခဲ့ရပါတယ်။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းကို ၂၀၁၅-၁၆ ရာသီမှာ စတင်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၄၂၁)ပွဲကစားခဲ့ရာမှာ (၁၀၈)ဂိုးသွင်းပြီး (၁၇၇)ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ဂွါဒီယိုလာကိုင်တွယ်ခဲ့တဲ့ မန်စီးတီးအသင်းအောင်မြင်မှုတွေရရှိခဲ့ရာမှာ အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပြီး အသင်းရဲ့နိုင်ပွဲတွေအတွက် သူ့ရဲ့ကွင်းလယ်က အကွက်မြင်မြင်ဖန်တီးပေးပို့မှုတွေက အဓိကကျခဲ့ပါတယ်။

ဘုန်းမောက်နဲ့ပွဲမှာ မာမွတ်ရှ်(၁၄ မိနစ်)၊ ဘာနာဒိုဆေးလ်ဗား(၃၈ မိနစ်)၊ နီကိုဂွန်ဇာလက်ဇ်(၈၉ မိနစ်)တို့က မန်စီးတီးအသင်းအတွက် ဂိုးတွေသွင်းပေးခဲ့ကြပြီး ဒီပွဲအနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းဟာ အဆင့်(၆)နေရာကနေ အဆင့်(၃)နေရာကို ပြန်လည်ခုန်တက်သွားခဲ့ပါတယ်။ လက်ကျန်တစ်ပွဲအလိုမှာ မန်စီးတီးအသင်းဟာ ရမှတ်(၈၆)မှတ်ရထားပြီး ရာသီကုန်မှာ အနိမ့်ဆုံးယူရိုပါလိဂ်ဝင်ခွင့်ရရှိဖို့တော့ သေချာသွားခဲ့ပါတယ်။

ဒါပေမယ့် အဆင့်(၆)က ဗီလာအသင်းနဲ့ ရမှတ်(၂)မှတ်သာကွာဟနေသေးတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့အဝေးကွင်းပွဲစဉ်မှာ ရမှတ်ရဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့အခြားပွဲမှာ FA ဖလားချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းက ၀ုလ်ဗ်စ်အသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်