အက်စတွန်ဗီလာ-စပါးပွဲအပြီးမှာ အက်စတွန်ဗီလာအသင်းပရိသတ်တွေကို ဂိုးသမားမာတီနက်ဇ် ငိုကြွေးပြီးနှုတ်ဆက်

အက်စတွန်ဗီလာ-စပါးပွဲအပြီးမှာ အက်စတွန်ဗီလာအသင်းပရိသတ်တွေကို ဂိုးသမားမာတီနက်ဇ် ငိုကြွေးပြီးနှုတ်ဆက်

အက်စတွန်ဗီလာအသင်းက စပါးအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီရာသီပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံးပွဲအပြီးမှာ အာဂျင်တီးနားဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းပရိသတ်တွေကို ငိုကြွေးပြီး လက်ကိုဝှေ့ယမ်းကာ နှုတ်ဆက်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ အီမီလီယာနိုမာတီနက်ဇ်ggကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ရဲ့အသုံးစရိတ်စည်းမျဉ်းနဲ့ ကိုက်ညီစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဇွန်(၃၀)ရက်မတိုင်မီမှာ ကြီးကြီးမားမားရောင်းချရဖွယ်ရှိနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းဟာ အီမီလီယာနိုမာတီနက်ဇ်အတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားဖို့ရှိနေတာပါ။ အီမီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အီမီလီယာနိုမာတီနက်ဇ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းချိန်မှာ အက်စတွန်ဗီလာအသင်းနည်းပြအူနှိုင်းအမ်မရီက "ဒါက ဒီရာသီရဲ့နောက်ဆုံးပွဲဖြစ်ပြီး ကျွန်တော်လည်းမသိပါဘူး။ အသင်း၊ကစားသမားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပေမယ့် သူတို့ဟာ ကွင်းထဲမှာပဲ တုံ့ပြန်နေကြတာပါ"လို့ ဆိုခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့ပြီး ဖီဖာရဲ့အကောင်းဆုံးဂိုးသမားဆုကို(၂)ကြိမ်ရယူထားတဲ့ အီမီလီယာနိုမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ပွဲပေါင်း(၂၀၀)ကျော်ပါဝင်ကစားထားတာပါ။ အက်စတွန်ဗီလာအသင်းရဲ့တောင်ပံကစားသမား ဘိုင်လေလည်း ပွဲအပြီးမှာ အီမီလီယာနိုမာတီနက်ဇ်လို ပရိသတ်တွေကို နှုတ်ဆက်မှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ