အခွန်စည်းကြပ်ခြင်းကြောင့်ဆုံးရှုံးမှုများရှိလာသည့် NVIDIA

Nvidia သည် Trump အစိုးရလက်ထက်တွင် ပေးဆောင်ရသောအခွန်အခများကြောင့်ကြီးမားသောဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရသည်။First Quarter တွင်ကုမ္ပဏီသည် ၎င်း၏ H2O AI ချစ်ပ်များကို တရုတ်ကုမ္ပဏီများထံ ရောင်းချခြင်းကို ပိတ်ပင်သည့် လိုင်စင်စည်းမျဉ်းများကြောင့် ဒေါ်လာ 4.5 ဘီလီယံထိ နစ်နာခဲ့သည်။
အဆိုပါ ကုန်သွယ်မှုကန့်သတ်ချက်များကြောင့် နောက်ထပ်၀င်ငွေ ဒေါ်လာ ၂.၅ ဘီလီယံကိုလည်းဆုံးရှုံးခဲ့သည်။ရှေ့လျှောက်အခွန်စည်းကြပ်မှုတွေ ဆက်လုပ်နေရင် second quarter မှာနောက်ထပ် $8 ဘီလီယံ ဆုံးရှုံးနိုင်တယ်လို့ Nvidia ကပြောကြားထားပါတယ်။
အခွန်စည်းကြပ်မှုများကြောင့် CEO Jensen Huang က “ ဒေါ်လာ 50 ဘီလီယံ ခန့်ရှိသော တရုတ်ဈေးကွက်ကိုပိတ်လိုက်ပြီ” လို့ ပြောခဲ့ပါတယ်။
ယခုကဲ့သို့အခွန်စည်းကြပ်ခြင်းက သူတို့လိုချင်တဲ့ရည်မှန်းချက်ကို တကယ်ဖော်ဆောင်နိုင်လားဆိုတာကိုလည်းမေးခွန်းထုတ်ခဲ့ပါတယ်။လက်ရှိလုပ်ဆောင်ချက်သည်တရုတ်ရဲ့ AI တိုးတက်မှုကိုမနှောင့်နှေးစေသည့်အပြင် အမေရိကန်ထုတ်ကုန်တွေကို တရုတ်ဈေးကွက်ကနေ ထုတ်ပယ်သည်ပုံစံမျိုးဖြစ်ပြီး တရုတ်ရှိ AI နည်းပညာကုမ္ပဏီတိုးတက်မှုကို ပိုတောင်အထောက်အကူဖြစ်စေနိုင်တယ်လို့ Huang ကပြောပါတယ်။နောက်ဆုံးတွင်အမေရိကန်၏ နည်းပညာဆိုင်ရာကမ္ဘာ့ဈေးကွက်ရပ်တည်မှုကိုထိခိုက်စေကြောင်းပြောကြားခဲ့သည်။