အလွယ်တကူဆီးစစ်နိုင်သည့်သန့်စင်ခန်း

ဘေဂျင်းနှင့်ရှန်ဟိုင်း မြို့ကြီးများတွင် အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အများသုံးအမျိုးသားသန့်စင်ခန်းများတွင် ဆီးအလွယ်တကူစစ်နိုင်သည့်စက်ပစ္စည်းများကိုတပ်ဆင်ပေးထားသည်။ ယွမ် 20 (ဒေါ်လာ 2.76 ခန့်) ဖြင့် အသုံးပြုသူများသည် ချက်ချင်း ဆီးစစ်ခြင်းကိုပြုလုပ်နိုင်မည်ဖြစ်သည်။

ဤစမတ်ကိရိယာများသည် ဂလူးကို့စ်၊ ဗီတာမင်အဆင့်၊ creatinine နှင့် သွေးဖြူဥဆဲလ်များကဲ့သို့သော ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများစွာကို စစ်ဆေးဖော်ပြပေးသည်။အသုံးပြုသူများသည် ဖြစ်နိုင်ချေရှိသော ရောဂါအန္တရာယ်များ သို့မဟုတ် အာဟာရချို့တဲ့မှုများကို ခွဲခြားသိရှိနိုင်ရန်အတွက်အထောက်အကူဖြစ်စေသည်။

ဆေးစစ်မှု အပြည့်အစုံကို အစားထိုးခြင်းမဟုတ်သော်လည်း၊ ရည်မှန်းချက်မှာ စောစီးစွာ သိရှိနိုင်မှုကို မြှင့်တင်ရန်၊ တစ်ကိုယ်ရည်ကျန်းမာရေးနှင့်ပတ်သက်အခြေအနေကိုအလွယ်တကူသိရှိစေရန်ရည်ရွယ်သည်ဟုသိရသည်။