မန္တလေး အစားအစာတော်တော်များရတဲ့ မြီးရှည်ဆိုင်

မန္တလေး အစားအစာတော်တော်များရတဲ့  မြီးရှည်ဆိုင်

မနက်ဖြန် အားလပ်ရက် Sunday ဆိုတော့ မနက်စာ ကောင်းကောင်းလည်းစားချင်တယ် !
ဆိုင်အပြင်အဆင်နဲ့ အစားအသောက်ကလည်းသန့်ရှင်း သပ်ရပ်နေရမယ် !


ဒါဆိုအခုမင်မင်ပြောပြမယ့်ဆိုင်လေးက လုံးဝရွေးချယ်သင့်တဲ့ဆိုင်တစ်ဆိုင်ပါ။


ဆိုင်လေးက မန္တလေးအစားအစာတော်တော်များရတဲ့ “လင်းသစ် မန္တလေးမြီးရှည်”ဆိုင်ပါ။
မန္တလေးအစားအစာမှာဆို မပါမဖြစ်နဲ့ ဆိုင်ရဲ့ main menu က “မန္တလေးမြီးရှည်”။


မန္တလေးမြီးရှည်(ပွဲသေး)- 3500MMK
-မန္တလေးမြီးရှည်ဆို ဝက်ကလီစာအစုံလေးနဲ့မှပြီး
ပြည့်စုံတာကိုးး ကလီစာဆိုလည်းလုပ်ထားတာ အရမ်းသန့်တယ်နော် ။
ကလီစာမစားဘူးဆိုဝက်သားနဲ့လည်းရတယ်။
-ဝက်ခေါက်ကြော်သေးသေးလေးတွေလည်းပါတယ် အဲ့ဝက်ခေါက်လေးစားရတဲ့အရသာကဘာနဲ့မှမတူဘူးတော်တော်ကြိုက်တယ်။
-သူ့အရသာက လေးလည်းမလေးဘူးအနေတော်ပဲ၊ နောက်တစ်ခုကဟင်းချို ၊ဟင်းချိုဆိုလည်းအကြော်လေးပါညှပ်ပြီးထည့်ပေးထားတာ ၊မြီးရှည်စားလို့နည်းနည်းအီလာရင် ဟင်းချိုလေးလောက်လိုက်နဲ့လိုက်ဖက်နေရော။
ဖက်ထုပ်ကြော်(ဝက်) -4500MMK
-ချက်ချင်းကြော်ပေးတာမို့ပူပူ မွှေးမွှေးလေးစားရပါတယ်။
-ဝက်သား၊ ပုစွန်နဲ့ ကျူ့ဆိုင်လေးကိုရောကြော်ထားတော့စားရတာအိပြီးမွှေးနေရော၊
-ဖက်ထုပ်ဆိုဂျင်းချဉ်လေးနဲ့မှ ၊ဒီတိုင်းဆိုဂျင်းကြိုက်တဲ့ထဲမပါဘူး။
-ဖက်ထုပ်ကြော်နဲ့ဆိုရင်တော့ဂျင်းလေးနဲ့မှလိုက်
ဖက်ပြီးအရသာရှိတာ။
-မင်မင့်အထင်တော့စျေးများပေမယ့်အရသာကောင်းလို့တန်ပါတယ်။
နန်းပြားသုပ်- 2500MMK
-သူ့အရသာကတော့အရမ်းမထူးခြားပါဘူး ။ခေါက်ဆွဲသားကောင်းပြီး ၊ပဲမှုန့်စီးစီးလေးနဲ့စားကောင်းပါတယ်။
အုန်းနို့ခေါက်ဆွဲ- 2000MMK
-အုန်းနို့ခေါက်ဆွဲဆို အုန်းနို့အနံ့သင်းသင်းလေးကိုကြိုက်တာမို့ သူနဲ့ကတော့လုံးဝကွက်တိပဲ၊အရည်ကလည်း ပျစ်ပျစ်နှစ်နှစ်လေးနဲ့ကောင်းတယ်။
နောက်ပြီး မန္တလေးအစားအစာ တော်တော်များများရတဲ့အပြင် ထမင်းကြော်နဲ့ဟင်းအစုံလည်းရတယ်။


ဆိုင်ကိုကြိုက်တဲ့ပထမအချက်က သန့်ရှင်းသပ်ရပ်မှုရယ် ၊ ပြီးတော့အရသာပါ။ မန္တလေးအစားအသောက် နှစ်သက်တယ်ဆို စားကြည့်သင့်တဲ့ဆိုင်လေးပေါ့

လင်းသစ် မန္တလေးမြီးရှည် · west shwegon dine street, Yangon, Myanmar (Birma)
Ontbijtrestaurant
မနက် ၆နာရီ မှ နေ့လည် ၁:၀၀ နာရီအမှတ်၂ ၊ အနောက်ရွှေဂုံတိုင် ၄လမ်း၊ ဗဟန်းမြို့နယ် ။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ