အလကားရတဲ့(လေ)ကနေ ဓါတ်ဆီထုတ်နိုင်ပြီတဲ့

အလကားရတဲ့(လေ)ကနေ ဓါတ်ဆီထုတ်နိုင်ပြီတဲ့

နယူးယောက်မြို့မှာရှိတဲ့ Aircela ဆိုတဲ့အဖွဲ့အစည်းက (လေ)ထဲကနေ သန့်ရှင်းတဲ့ ဓာတ်ဆီအဖြစ်ဖန်တီးနိုင်တဲ့ ရေခဲသေတ္တာအရွယ်အစားစက်တစ်လုံးကို တီထွင်လိုက်ပါတယ်။အဲ့ဒီ့စက်က လေမှကာဗွန်ကိုဖမ်းယူတဲ့နည်းပညာ (Direct Air Capture) နဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီးမော်တော်ယာဉ်တွေအတွက် အသင့်အသုံးပြုနိုင်တဲ့ဓာတ်ဆီကိုထုတ်လုပ်ပေးနိုင်ပါတယ်။

အထူးသဖြင့် ယခုတလော အသုံးပြုနေတဲ့ကားတွေနဲ့ အခြားလောင်စာစနစ်တွေမှာအသုံးပြုရန် မည်သည့်အရာမှပြန်ပြင်ဆင်စရာမလိုဘဲ တန်းသုံးနိုင်တယ်လို့သိရပါတယ်။

Aircela ရဲ့စက်က ရိုးရာ ဓာတ်ဆီစက်ရုံကြီးတွေလို မဟုတ်ဘဲ အရွယ်အသေးတဲ့ဒီဇိုင်းနဲ့ မည်သည့်နေရာမဆို တိုက်ရိုက်ဓာတ်ဆီထုတ်လုပ်နိုင်အောင်တီထွင်ထားပါတယ်။ဒီစက်ကထုတ်ပေးတဲ့ ဓာတ်ဆီမှာ ဆာဖာနဲ့ အီသနောလ်မပါဘဲ ယခုအသုံးပြုနေတဲ့မော်တော်ယာဉ်များနဲ့ တော်တော်ကိုက်ညီတယ်လို့လဲဆိုထားပါတယ်။

Aircela ကို Maersk Growth နဲ့ Ripple ရဲ့ Chris Larsen တို့က ရင်းနှီးမြှုပ်နှံထားပြီး ပထမဆုံး စက်တွေကို ၂၀၂၅ ခုနှစ်လယ်လောက်မှာ စတင်မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ဒီစက်တွေကို လျှပ်စစ်မရရှိတဲ့နေရာ၊စက်မှုလုပ်ငန်းနှင့်စီးပွားရေးလုပ်ငန်းတွေမှာ သန့်ရှင်းတဲ့ ဓာတ်ဆီအလွယ်တကူ ရရှိနိုင်အောင်အတွက် ရည်ရွယ်ထုတ်လုပ်တာဖြစ်ပါသည်။

Read more

Nothing Phone 3 က နောက်မီးလင်းဖို့ မသေချာပါ

Nothing Phone 3 က နောက်မီးလင်းဖို့ မသေချာပါ

“We killed the Glyph Interface” ဆိုတဲ့စာသားကိုတော့  X မှာရှိတဲ့ Nothing Official Account ကနေ ဖော်ပြလာပါတယ်။ အဲ့ဒီနောက်မှာတော့ Nothing Phone 3 ရဲ့ Concept Design ထွက်လာပါတယ်။ Premium Material တွေသာသုံးထားမယ့် ဒေါ်လာ

လူးဝစ်အင်းနရစ်ရင်ထဲမှာ အစဉ်အမြဲရှင်သန်နေမယ့် သမီးငယ်လေးရှာနာ

လူးဝစ်အင်းနရစ်ရင်ထဲမှာ အစဉ်အမြဲရှင်သန်နေမယ့် သမီးငယ်လေးရှာနာ

"ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးချိန်မှာ ကျွန်တော့်သမီးလေးက ကျွန်တော့်ဆီကို ဘာစီလိုနာအသင်းအလံကိုင်ပြီး ပြေးလာတဲ့ဓာတ်ပုံကို ကျွန်တေ

စံချိန်တင်ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုပထမဆုံးရယူပြီး ဖလား(၄)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ PSG

စံချိန်တင်ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုပထမဆုံးရယူပြီး ဖလား(၄)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ PSG

ချန်ပီယံလိဂ်ဗိုလ်လုပွဲ PSG (၅-၀)အင်တာမီလန် ပြင်သစ်ကလပ်အသင်းတွေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ အချိန်ကာလကြာမြင့်စွာဝေးကွာနေမှုကိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဗိုလ်လုပွဲ PSG - အင်တာမီလန် (1 June 2025/ 1:30 am) ဒီနှစ်သင်းအနေနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကိုရယူဖို့ အပြိုင်တိုက်ပွဲဝင်ရမှာဖြ