အမျိုးသမီးအသင်း ချန်ပီယံလိဂ်ဖလားရယူပြီးနောက် အာဆင်နယ်အမျိုးသားအသင်းကို အီယန်ရိုက်ထိုးနှက်

အမျိုးသမီးအသင်း ချန်ပီယံလိဂ်ဖလားရယူပြီးနောက် အာဆင်နယ်အမျိုးသားအသင်းကို အီယန်ရိုက်ထိုးနှက်

အာဆင်နယ်အမျိုးသမီးအသင်းက ဘာစီလိုနာအမျိုးသမီးအသင်းကို ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရရှိကာ ချန်ပီယံဆုယူပြီးနောက် အာဆင်နယ်အသင်းဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အီယန်ရိုက်က အမျိုးသားအသင်းကို ထိုးနှက်မှုပြုလုပ်ခဲ့ပါတယ်။ အီယန်ရိုက်က အာဆင်နယ်အမျိုးသမီးအသင်းဟာ ကလပ်ကို အရှက်ကွဲခြင်းအခြေအနေကနေ ကယ်တင်ခဲ့တယ်လို့ ယုံကြည်နေတာပါ။

အာဆင်နယ်အမျိုးသားအသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပေမယ့် အမျိုးသမီးအသင်းကတော့ ဒီရာသီမှာကလပ်ရဲ့ဆုဖလားခန်းမထဲကို ချန်ပီယံလိဂ်ဖလားထားရှိနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အမျိုးသားအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလီဗာပူးလ်အသင်းရဲ့နောက် အမှတ်ပေးဇယားအဆင့်(၂)နေရာနဲ့ရာသီအဆုံးသတ်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းကို အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။

အာဆင်နယ်အမျိုးသမီးအသင်းဟာ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဖလားကို ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်ရယူနိုင်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ဟာ သူတို့အတွက် ဒုတိယမြောက်ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆုဖလားဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အမျိုးသမီးအသင်းဟာ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ တစ်သင်းတည်းသော အင်္ဂလန်အမျိုးသမီးကလပ်အသင်းဖြစ်တာပါ။ အီယန်ရိုက်ဟာ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုခဲ့ပြီး အသင်းရဲ့အောင်ပွဲအတွက် ကျေနပ်နေတာဖြစ်ပါတယ်။

အီယန်ရိုက်က"ဒီအောင်ပွဲက ကလပ်ကို ကယ်တင်ခဲ့တာပါ။ အမျိုးသားအသင်းဟာ ဒီရာသီမှာဘာမှမရယူနိုင်ခဲ့လို့ ရှက်ဖို့ကောင်းပါတယ်။ အမျိုးသမီးတွေက ကလပ်ကို ကယ်တင်ခဲ့ပြီး ကျွန်တော်တို့မှာ ဂုဏ်ပြုရမယ့်အရာတစ်ခုရှိပါတယ်"လို့ TNT Sports ကိုဆိုခဲ့ပါတယ်။

ဒါ့အပြင် အီယန်ရိုက်က အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆုဖလားအတွက် မြောက်လန်ဒန်မှာ အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်ပတ်အောင်ပွဲခံမှုပြုလုပ်သင့်တယ်လို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ