အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA
အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရောက်ရန်ရှိသည်ဟု တရုတ်နာမည်ကြီး media ဖြစ်သည့် CCTV သီတင်းဌာနကဖော်ပြခဲ့သည်။
တတိယအကြိမ်မြောက် China International Supply Chain Expo ပြပွဲကို ဇူလိုင်လ ၁၆ရက်မှ ၂၀ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး တရုတ်နှင့် နိုင်ငံခြားပါ ကုမ္ပဏီပေါင်း ၂၃၀ ကျော်ပါဝင်မည်ဟု CCTV မှထပ်မံဖော်ပြခဲ့သည်။
Nvidia သည်သိပ္ပံ နှင့် (AI) ဆိုင်ရာ chip များ၏စျေးကွက်တွင် ဦးဆောင်နေသည့်ကုမ္ပဏီဖြစ်သည်အလျှောက် တရုတ်စျေးကွက်အတွင်း မိမိ၏ ရှယ်ယာလျှော့နည်းလာမှုကိုကာကွယ်ရန်ကြိုးစားနေသော်လည်း အမေရိကန်အစိုးရမှထုတ်ပြန်ထားသည့် အဆင့်မြင့် chip များကိုတရုတ်သို့ရောင်းချရန်ကန့်သတ်သည့် စည်းမျဉ်းများကို လိုက်နာရန်လိုအပ်သည့်အတွက် NVIDIA ၏ခြေလှမ်းကိုစောင့်ကြည့်မှုမှာလူအများစိတ်ဝင်စားလျှက်ရှိသည်။
သို့ပေမဲ့လည်းယခုအချိန်ထိ အမေရိကန်နှင့်တရုတ်ကုန်သွယ်ရေးအငြင်းပွားမှုများမှာပြင်းထန်နေဆဲဖြစ်သည်။၂၀၂၅ ပြပွဲတွင် နိုင်ငံခြားကုမ္ပဏီများအနက် အမေရိကန်ကုမ္ပဏီများက အများဆုံး ပါဝင်လာမည်ဖြစ်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၅% တိုးလာသည်ဟု CCTV မှဖော်ပြထားသည်။