Android ထက်နောက်ကျကျန်နေတဲ့ Feature တစ်ခုပါဝင်လာမည့် iOS 19

Apple ၏ iOS 19 တွင် Apple Intelligence နှင့်အတူပါဝင်လာမည့် feature တစ်ခုကိုပြောပြလာပါတယ် အဲ့ဒီ့ feature အသစ်ဆိုတာကတော့ Android တွေမှာပါဝင်လာတာကအချိန်အရမ်းကြာနေပါပြီ။သူ့အရပ်နဲ့သူ့ဇာတ်မို့လို့ နားထဲကန့်လန့်ဖြစ်လာမလားကတော့စောင့်ကြည့်ရပါဦးမယ်။
ယခုအခါ iPhone ကိုဘက်ထရီအားအပြည့်သွင်းမည်ဆိုရင် လက်ရှိ ရာခိုင်နှုန်း ကနေအချိန်ဘယ်လောက်ထိကြာမယ်ဆိုတာ မပါဝင်သေးပါဘူး။Android အတွက်ကတော့တော်တော်ကြာခဲ့ပါပြီ။
ဘာမှပြောပြလောက်စရာမဟုတ်ပေမဲ့ အလုပ်များသူတွေ၊ အချိန်ကိုအရမ်းဂရုတစိုက်အလုပ်လုပ်ရသူများအတွက်တော့ပိုအသုံးတည့်လာမှာပါ။
ယခုလာမည့် updateနှင့်အတူ Appleက customer များ၏အခြားသောတောင်းဆိုမှုဝေဖန်မှုများကို ဘာတွေများထည့်ဖြည့်တင်းလာမလဲကတော့ ဆက်စောင့်ကြည့်ရပါဦးမယ်။