အင်္ဂလန်ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့ (FWA)ရဲ့ အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးခဲ့တဲ့ဆာလာ

အင်္ဂလန်ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့ (FWA)ရဲ့ အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးခဲ့တဲ့ဆာလာ

အင်္ဂလန်ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့ (FWA)ရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်မှူးဆာလာက ဆွတ်ခူးခဲ့ပါတယ်။

ဘောလုံးအားကစားကလောင်ရှင်တွေက မဲပေးရွေးချယ်တဲ့ဒီဆုကို ဆာလာဟာ ဒီဆုကို မဲရာခိုင်နှုန်း(၉၀%)ကျော်ရရှိပြီး ဆွတ်ခူးခဲ့တာဖြစ်ကြောင်းသိရပါတယ်။

မဲရာခိုင်နှုန်းတွေအရ ဒုတိယနေရာမှာ ဆာလာရဲ့လီဗာပူးလ်အသင်းဖော်ဗန်ဒိုက်၊ တတိယနေရာမှာ နယူးကာဆယ်တိုက်စစ်မှူးအစ်ဆက်တို့ ရှိနေကြောင်းသိရပါတယ်။

ဆာလာအနေနဲ့ ဒီဆုကို ၂၀၁၇-၁၈ ရာသီ၊ ၂၀၂၁-၂၂ ရာသီတွေမှာလည်း ဆွတ်ခူးခဲ့ဖူးတာကြောင့် (၃)ကြိမ်မြောက် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ကတည်းက နှစ်စဉ် ချီးမြှင့်နေတဲ့ အစဉ်အလာရှိတဲ့ဒီဆုကို အကြိမ်အများဆုံးဆွတ်ခူးသူအဖြစ် စံချိန်တင်ထားတာက အာဆင်နယ်တိုက်စစ်မှူးဟောင်းအွန်နရီဖြစ်ပြီး အခုဆာလာက သူ့ရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။

ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် (၂၈)ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ (၃၃)ဂိုးသွင်းယူပြီး (၂၃)ဂိုးဖန်တီးထားတာကြောင့် သူ့ရဲ့ကစားသမားဘ၀မှာ ဒုတိယဂိုးအများဆုံးသွင်းတဲ့ ရာသီအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။

လီဗာပူးလ်အသင်းဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ရာမှာ ဆာလာရဲ့စွမ်းဆောင်မှုတွေက အဓိကကျခဲ့တာကြောင့် ဒီဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

FWA ရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို နောက်ဆုံး(၈)နှစ်အတွင်း ဆွတ်ခူးခဲ့သူတွေက လီဗာပူးလ်နဲ့ မန်စီးတီးအသင်းက ကစားသမားတွေသာဖြစ်ကြပြီး လီဗာပူးလ်အသင်းက ကစားသမားတွေက (၁၆)ကြိမ်နဲ့ အကြိမ်အများဆုံးဆွတ်ခူးထားကြပါတယ်။ ဒုတိယနေရာမှာတော့ မန်ယူနိုက်တက်နဲ့ စပါးတို့က (၉)ကြိမ်စီနဲ့ ရပ်တည်နေပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ