ချယ်လ်ဆီးအသင်းနည်းပြဟောင်း တူချယ်လ်ဟာ ကာလရှည်စောင့်ဆိုင်းနေရတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဘ၀ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ဒီတစ်ပတ်မှာ စတင်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် တနင်္လာနေ့က St George's Park မှာ ပြုလုပ်ခဲ့တဲ့အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ တူချယ်လ်ကို သူ့ရဲ့အသင်းသားတွေနဲ့ ပြုံးရွှင်စွာ တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ တူချယ်လ်ဟာ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီ(၁)ရက်မှာ အင်္ဂလန်အသင်းနည်းပြသစ်ရာထူးကို တရားဝင်စတင်ခဲ့တာဖြစ်ပါတယ်။ တူချယ်လ်ဟာ သူ့ရဲ့ပထမဆုံးအင်္ဂလန်အသင်းလူစာရင်းမှာ မန်ယူနိုက်တက်အသင်းကနေ အက်စတွန်ဗီလာအသင်းထံ အငှားသွားကစားနေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်၊ အိုင်းယက်စ်အသင်းကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်တို့ကို အံ့အားသင့်ဖွယ် ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

ဒါ့အပြင် တူချယ်လ်ဟာ အင်္ဂလန်သက်တမ်းလိုက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးခြင်းမရှိတဲ့ နယူးကာဆယ်အသင်းနောက်ခံလူ ဒန်ဘန်းကိုလည်း အင်္ဂလန်အသင်းကြီးလူစာရင်းထဲမှာ ပထမဆုံးအကြိမ်ရွေးချယ်ခဲ့ပါတယ်။ ဒန်ဘန်းဟာ လီဗာပူးလ်အသင်းကို (၁-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် မတ်(၂၁)ရက်မှာ အယ်လ်ဘေးနီးယား၊(၂၄)ရက်မှာ လတ်ဗီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Discussion