အင်တာနက်ခေတ်ရဲ့ ဆူညံသံတွေထဲက ဘယ်လို ရုန်းထွက်မလဲ?

အင်တာနက်ခေတ်ရဲ့ ဆူညံသံတွေထဲက ဘယ်လို ရုန်းထွက်မလဲ?

အင်တာနက်ဖွင့်လိုက်တာနဲ့ သတင်းတွေ၊ စာတိုတွေ၊ Notification တွေ တစ်ပြိုင်တည်း တက်လာတာဟာ ဒီခေတ်ထဲမှာ မဆန်းတော့ပါဘူး။ ဒါပေမယ့် ဒီလိုအရာတွေဟာ ဖတ်လိုက်တာနဲ့ ကိုယ့်စိတ်နဲ့ ဦးနှောက်ထဲမှာ နေရာယူတတ်ကြပါတယ်။ ဒါတွေကို အကုန် နေ့စဥ်နဲ့အမျှ ကြည့်ရှုနေပြီး မဆန်းစစ်၊ မစစ်ထုတ်တဲ့အခါ စိတ်အမှိုက်တွေဖြစ်လာတတ်ပြီး ကိုယ့်ရဲ့ ကျန်းမာရေး၊ လူမှုရေး  ကိစ္စတွေအတွက် စိတ်စွမ်းအင် (Mental Energy) မရှိတော့ဘဲ နေ့စဥ်ဘဝမှာ အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ ပြဿနာကို သိရှိခြင်းဟာ အနိုင်ယူခြင်းရဲ့ ပထမဆုံး အဆင့်ဖြစ်တာမို့ ဒီအချက်ကို သတိပြုမိလာပြီဆိုရင် ကိုယ့်ရဲ့ ငြိမ်းချမ်းမှုကို ဒီလို ပြန်လည်ရယူနိုင်ပါတယ်။

  1. အကောင့်မှာ တက်လာတဲ့ အကြောင်းအရာတွေကို ဆန်းစစ်ပါ

ဆိုရှယ်မီဒီယာမှာ တက်လာသမျှ အကြောင်းအရာ (Content) တွေက လူတွေရဲ့ အာရုံစိုက်မှုကိုရဖို့ ကြိုးစားနေကြတာပါ။ ဒါကြောင့် ပို့စ် (Post) တိုင်းက ဖတ်လိုက်တာနဲ့ ကိုယ့်စိတ်ထဲမှာ အနည်းနဲ့ အများ နေရာယူကြပါတယ်။ ပေ့ချ်တချို့ (ဒါမှမဟုတ်) အကောင့်တချို့ ကနေ တက်တဲ့ အကြောင်းအရာတွေက ကိုယ့်ကို စိတ်မသက်မသာဖြစ်စေတာ၊ မကောင်းတဲ့ စိတ်အခြေအနေဖြစ်စေတာမျိုးဆိုရင် ဖျောက် (Hide) ပစ်ဖို့၊ အန်ဖောလို (Unfollow) လုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ့်ဆိုရှယ်မီဒီယာက ကိုယ့်အပိုင်သာဖြစ်တာမို့ ကိုယ့်အတွက် မကောင်းတဲ့ အကြောင်းအရာတွေကို ဖတ်ရှုနေဖို့ မလိုအပ်ပါဘူး။

  1. အချိန်အကြာကြီး နယူးဖိဒ်ကြည့်ခြင်းကို ကန့်သတ်ပါ

တခါတလေ မရည်ရွယ်ဘဲနဲ့ နယူးဖိဒ်မှာ အချိန်အကြာကြီးကုန်သွားတာမျိုး တော်တော်များများ ဖြစ်ဖူးကြမှာပါ။ ဒီလိုလုပ်ခြင်းက အချိန်ကုန်ပြီး အနားမရတဲ့အပြင် ကိုယ့်စိတ်စွမ်းအင်ကို ဆုတ်ယုတ်စေပြီး လူတချို့မှာဆိုရင် စိုးရိမ်စိတ် (Anxiety) ပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒါမျိုးအချိန်အတော်ကြာ လုပ်မိနေပြီဆိုရင် သတိပြုမိတာနဲ့ ချက်ချင်း ဖုန်းကိုချပြီး အခြားတစ်ခုခု ပြောင်းလုပ်သင့်ပါတယ်။

  1. ပို့စ်တိုင်းရဲ့ အကြောင်းအရာ၊ ထင်မြင်ချက်တွေနဲ့ ပက်သက်တာမျိုး ရှောင်ပါ

တချို့ပို့စ်တွေရဲ့ အကြောင်းအရာတွေက ကိုယ်နဲ့ မတိုက်ဆိုင်တာ၊ ကိုယ်လက်ခံထားတဲ့ အမြင်မဟုတ်တာတွေ ဖြစ်တဲ့အခါ တစ်ခုခု ပြောဖို့ တွန်းအားဖြစ်တတ်ပါတယ်။ ကောမန့်မှာ ငြင်းခုန်တာ၊ တွစ်တာမှာ အကြောင်းပြန်တာ၊ စတိုရီမှာ ရီပလိုင်းလုပ်တာ စတာတွေက စိတ်စွမ်းအင်ကို အပြိုင်လုတတ်ကြတဲ့ အပြုအမူတွေပါ။ ကိုယ့်စိတ်စွမ်းအင်ဟာ တစ်ရက်မှာ အကန့်အသတ်တစ်ခုသာရှိတာမို့ တကယ်အကျိုးရှိပြီး အင်နာဂျီကို မဆုတ်ယုတ်စေဖို့ ဒီလို ပတ်သက်မှုတွေ မလုပ်ခင် သေချာ စဥ်းစားစေချင်ပါတယ်။

  1. ဒီဂျစ်တယ် ကန့်သတ်ချက်တွေ ထားပါ

အက်ပ် (App) တချို့က တက်တဲ့ အကြောင်းကြားချက် (Notification) တွေပိတ်ထားတာ၊ အချိန်အကန့်အသတ်တစ်ခုမှာ ဖုန်းကို ကိုယ်နဲ့ ဝေးဝေးမှာထားတာ၊ ဒါမှမဟုတ် အက်ပ် တချို့ကို ဖျက်ပစ်တာမျိုး လုပ်နိုင်ပါတယ်။ ကိုယ့်အတွက် အဆင်ပြေရာမျိုးဆိုရင် လုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။ တစ်ခါတစ်ရံမှာ အားလုံးကို မသိနေလို့လည်း အဆင်ပြေပါတယ်။

5. တစ်ခါတစ်ရံမှာ ပျင်းပြီး လုပ်စရာမရှိတာ ပုံမှန်ပါ

လူတွေရဲ့ အာရုံစိုက်မှုတွေကို အပြိုင်လုနေတဲ့ ဆိုရှယ်မီဒီယာကြောင့် လူတွေဟာ အင်တာတိန်းမန့် (Entertainment) အလွန်အကျွံ ဖြစ်ပြီး ဦးနှောက်နဲ့စိတ်ဟာ အနားမရတော့ပါဘူး။ လူတွေရဲ့ ဦးနှောက်က (၂၄) နာရီ ကွန့်မြူးနေဖို့ မလိုပါဘူး။ ဒါ့ကြောင့် တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို အနားပေးပြီး ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်နေသမျှကို သိစရာမလိုဘဲ ပျင်းဖို့ အချိန်လေး ပေးဖို့ကိုလည်း မမေ့စေချင်ပါဘူး။ ဒါမှသာ စိတ်လည်း အနားရပြီး ကိုယ့်ကိုယ်ကိုနဲ့ ပြန်လည် ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်စိတ်နဲ့ အာရုံစိုက်မှုဆိုတာ ဈေးကြီးပါတယ်။ အင်တာနက်မှာ မြင်တွေ့သမျှ အကြောင်းအရာတိုင်းကို အတန်းရှင်းပေးမိနေရင် ကိုယ့်အတွက် စိတ်စွမ်းအင်တွေ မကျန်တော့ပါဘူး။ ဒီလို ဆူညံသံတွေထဲက ရုန်းထွက်ဖို့ဆိုတာ အင်တာနက်ကို လုံးဝ မသုံးတော့တာမျိုးမဟုတ်ဘဲ တကယ်စိတ်ဝင်စားဖို့ကောင်းပြီး စိတ်ကို မဆုတ်ယုတ်စေတဲ့ အကြောင်းအရာတွေကိုသာ ရွေးချယ်ပြီး ကိုယ့်ရဲ့ ငြိမ်းချမ်းမှုကို ပြန််လည်ရယူခြင်းဖြစ်ပါတယ်။

Read more

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ချယ်လ်ဆီး- လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲမစတင်မီ ချန်ပီယံ လီဗာပူးလ်အသင်း ကွင်းအတွင်းဝင်ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်(၄-၀)ဘရစ္စတိုးလ်စီးတီးပွဲမှာ လိဒ်စ်အသင်းက ပွဲလာကြည့်တဲ့ပရိသတ်တိုင်းကို အဝါ ရောင်လည်စည်းပုဝါတွေ အခမဲ့ပေ

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့တဲ့ အသင်းခေ

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဗြိတိန်က ဘောလုံးပွဲတွေမှာ ကွင်းအတွင်း အယ်လ်ကိုဟောပါဝင်တဲ့ ယမကာ(အဓိကအားဖြင့် ဘီယာ)သောက်သုံးခွင့်ပိတ်ပင်ထားတာကို ပြန်လည်ခွင့်ပြုဖို့ ဗြိတိန်လွှတ်