အင်တာနက်ပေါ်ကအချက်အလက်တွေမယူဘဲ ကိုယ်ပိုင်ဟန်နဲ့ အဖြေထုတ်ပေးမယ့် Grok 3.5

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Elon Musk က သူ့ရဲ့ account ကနေ xAI ရဲ့ Grok အတွက် update အသစ်ထွက်လာပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ Grok 3.5 ဖြစ်ပြီး လက်ရှိကတော့ Beta version ပါ။ user တိုင်းမသုံးနိုင်သေးပေမဲ့ subscription ဝယ်ထားသူတွေကတော့ သုံးနိုင်ပါပီ။

ထားပါတော့။ Grok 3.5 ရဲ့ ထူးခြားချက်ကို ကြည့်ရအောင်။ အခြား AI စနစ်တွေကတော့ အင်တာနက်ကနေ အချက်အလက်တွေကို စုဆောင်းပြီး ပြန်ဖြေပါတယ်။ ဒါပေမယ့် Grok 3.5 ကတော့ reasoning model ကို အသုံးပြုပြီး လုံးဝအသစ်ဖြစ်တဲ့ အဖြေတွေကို ဖန်တီးဖော်ထုတ်ပေးမှာပါ။ ဒါက ရှိပြီးသားအကြောင်းအရာတွေကိုမဟုတ်ဘဲ ဖန်တီးမှုသဘာဝနဲ့ ထွက်လာတဲ့အဖြေဖြစ်တာကြောင့် ထူးခြားပါတယ်လို့ Musk က ဆိုထားပါတယ်။

ဒီနည်းပညာစနစ်ဟာ DeepSeek R1 နဲ့ ဆင်တူပြီး reasoning model ကို အသုံးပြုထားတယ်။ ဒီစနစ်က သက်တမ်းကြာတဲ့ မေးခွန်းတွေအတွက်တောင် ပိုပြီးတိကျစွာ ဖော်ထုတ်ပေးနိုင်ပါတယ်။ တစ်ခုရှိိတာက ဒီနည်းပညာအတွက် computing power တော်တော်များများလိုအပ်ပါတယ်။ ဒါကြောင့် Musk တစ်ယောက် xAI ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးချဲ့နိုင်ဖို့အတွက် နောက်ထပ်နည်းလမ်းတွေကိုလည်း ရှာဖွေနေတယ်လို့ ဖော်ပြထာကြပါသေးတယ်။

Grok 3.5 က Elon Musk တစ်ယောက် ဒေါ်လာသန်းချီအကုန်အကျခံပြီး GPU ၁ သန်းပါတဲ့ AI Supercomputer ဆောက်နေတယ်ဆိုတဲ့ သတင်းအပြီး ထွက်လာတဲ့ Grok update လို့ပဲပြောရမှာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး ကောလဟလတစ်ခုထွက်ရှိထားပါသေးတယ်။ အဲဲဒါကတော့ Musk က ဒီ AI Supercomputer ကို တရားမဝင်မီးစက်တွေနဲ့ လည်ပတ်နေတယ်ဆိုတာပါ။